DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြုခွင့် ဆက်လက်ရရှိ
DVB
·
December 7, 2024
သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြုခွင့် ဆက်လက်ရရှိ
Donate to DVB

ကုလသမဂ္ဂမှာ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုပြီး ၂၀၂၅ ခုနှစ်အတွက် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံအလိုက် ကိုယ်စားပြုခွင့်ရဖို့ လျှောက်ထားမှုတွေအပေါ် စိစစ်အကဲဖြတ်တဲ့ အရည်အချင်းစစ် ကော်မတီက နိုဝင်ဘာလမှာ အစည်းအဝေးလုပ်ပြီး အခု ဒီဇင်ဘာမှာ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့နေရာမှာ စစ်ကောင်စီရဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက ဦးအောင်သူရိန်ကို  အစားထိုးဖို့ ကုလသမဂ္ဂဆီကို အခုနှစ်မှာလည်း တင်ပြခဲ့ပေမဲ့ ကုလသမဂ္ဂက လက်မခံခဲ့တာပါ။

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့   စစ်အုပ်စုက ကုလမှာ ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက်တားဆီးနိုင်ခဲ့ပြန်ပြီဖြစ်ပြီး ဒါဟာ ပြည်သူ့တွေရဲ့ အောင်ပွဲတခု ဖြစ်ကြောင်းနဲ့  သက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့်ရရှိတဲ့အတွက် ဂုဏ်ယူကြောင်း   သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဦးကျော်မိုးထွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် မြန်မာအသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရပြီး ၊၂၀၂၁ စစ်တပ်က အာဏာသိမ်းချိန်မှာတော့ သူဟာ စစ်ကောင်စီကိုကိုယ်စားမပြုဘဲ NLD အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုပဲ ကိုယ်စားပြုတယ်လို့ ကုလသမဂ္ဂအစည်းအဝေးမှာ  ပြောဆိုခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013