DVB Logo
Home
နိုင်ငံတကာ
ဘစ်ကွိုင်တန်ဖိုး ပထမဆုံးအကြိမ် ဒေါ်လာ ၁ သိန်းကျော်
DVB
·
December 6, 2024
ဘစ်ကွိုင်တန်ဖိုး ပထမဆုံးအကြိမ် ဒေါ်လာ ၁ သိန်းကျော်
Donate to DVB

ဘစ်ကွိုင်ဒစ်ဂျစ်တယ်ငွေကြေးတန်ဖိုးဟာ ဒီဇင်ဘာ ၅ ရက်မှာ ပထမဆုံးအကြိမ် ဒေါ်လာတသိန်းကျော်သွားပါတယ်။

ဒါဟာ သမိုင်းဝင်မှတ်တိုင်တခုဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေကြေးတွေကို ငွေကြေးဈေးကွက်ထဲ ထည့်သွင်းစဉ်းစားလာတဲ့ အမှတ်အသားတခု ဖြစ်ပါတယ်။

ဒီနှစ်ဆန်းကတည်းက ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက် တန်ဖိုးဟာ၂ ဆနီးပါး တိုးလာပြီး ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံနီးပါး ရှိလာပါတယ်။

အက်ပဲလ်ကုမ္ပဏီ တခုတည်းရဲ့ တန်ဖိုး ဒေါ်လာ ၃ ဒသမ ၇ ထရီလီယံနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။

ဘစ်ကွိုင်တန်ဖိုးဟာ သူဖန်တီးခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း အငြင်းပွားဖွယ်နဲ့ မတည်ငြိမ်မှုတွေ ကြားကနေ သန်းကြွယ်သူဌေးတွေ ပေါ်ထွက်လာစေပြီး ပိုင်ဆိုင်မှုအသစ်တမျိုး ဖြစ်လာခဲ့ပါတယ်။

ဒီနှစ်ထဲမှာ တန်ဖိုး ၂ ဆကျော်တက်လာပြီး ဒေါ်နယ်ထရမ့်ပ် ရွေးကောက်ပွဲအနိုင်ရပြီး ၄ ပတ်အတွင်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။

ဒီဇင်ဘာ ၅ ရက်  အရှေ့အာရှဈေးဖွင့်ချိန်မှာ ဒေါ်လာတသိန်းကျော်သွားပြီး ၁၀၃,၃၃၅ ဒေါ်လာအထိ ရောက်သွားပါတယ်။

“ဒီဟာက စနစ်တခုရဲ့ ပြောင်းလဲမှုလို့ ပြောလို့ရပါတယ်” လို့ အမေရိကန် ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီ Galaxy Digital ရဲ့ CEO မိုက်နိုဗိုဂရက်စ်က ပြောပါတယ်။

အမေရိကန်ကို “ဒစ်ဂျစ်တယ်ငွေကြေးမြို့တော်” ဖြစ်အောင် လုပ်မယ်၊ ဘစ်ကွိုင်ကို နိုင်ငံတော် အရန်ငွေတမျိုးအဖြစ်  တိုးမြှင့်ထားရှိမယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေး ကတိတွေကြောင့် ဈေးတက်တာလည်း ပါပါတယ်။

“နိုဝင်ဘာ ၅ ရက် မတိုင်ခင်အထိ ဈေးတန့်နေခဲ့ပြီးတော့ ရွေးကောက်ပွဲပြီးမှ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အပြိုင်အဆိုင် ဝယ်ယူလာတာ တွေ့ရတယ်” လို့ မိုင်ယာမီက Asymmetric ဒစ်ဂျစ်တယ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ CEO ဂျိုးမက်ကန်က ပြောပါတယ်။

ဇန်နဝါရီလက ဘစ်ကွိုင်အိတ်ချိန်းရန်ပုံငွေတွေကို အတည်ပြုပေးပြီးနောက် အဖွဲ့အစည်းကြီးတွေ ဝယ်ယူမှုတိုးလာပြီး ရွေးကောက်ပွဲပြီးကတည်းက ဒေါ်လာ ၄ ဘီလီယံကျော် စီးဝင်လာပါတယ်။

ကမ္ဘာ့စံချိန်တင်မြင့်တက်မှုမှာ အဖွဲ့အစည်းကြီးတွေရဲ့ ဝယ်ယူမှုက အဓိကအရေးပါတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013