DVB Logo
Home
နိုင်ငံတကာ
၂၀၂၄ ပထမနှစ်ဝက် ကမ္ဘာ့စတော့စျေးကွက်ကို နည်းပညာကုမ္ပဏီများ ဦးဆောင်
DVB
·
July 1, 2024
၂၀၂၄ ပထမနှစ်ဝက် ကမ္ဘာ့စတော့စျေးကွက်ကို နည်းပညာကုမ္ပဏီများ ဦးဆောင်
Donate to DVB

ဧရာမနည်းပညာကုမ္ပဏီကြီးတွေရဲ့ မရပ်တန့်နိုင်လောက်တဲ့ တိုးတက်မှု၊ နှေးကွေးလေးလံလွန်းတဲ့ ဗဟိုဘဏ်မဏ္ဍိုင်တွေ၊ နိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက် ကမ္ဘာ့စတော့စျေးကွက်ဟာ လှိုင်းလေထန်ခဲ့တယ်လို့ ရိုက်တာသတင်းက သုံးသပ်ပါတယ်။

ကမ္ဘာတလွှား ဘဏ်တိုးနှုန်းလျှော့ရင် ရိုက်ခတ်မယ့် ဂယက်ခန့်မှန်းချက်က တကယ်ဖြစ်မလာသေးပေမဲ့ Nvidia ကုမ္ပဏီ ထိပ်ဆုံးက အရှိန်အဟုန်ကောင်းခဲ့တဲ့ အံ့ဖွယ် ၇ ဖွဲ့ (Magnificent 7) လို့ တင်စားကြတဲ့ နည်းပညာကုမ္ပဏီကြီးတွေက စျေးကွက်တန်ဖိုး နောက်ထပ် ၃ ဒသမ ၆ ထရီလီယံ မြင့်တက်ခဲ့ပါတယ်။

အံ့ဖွယ် ၇ ဖွဲ့ဆိုတာဟာ အင်္ဂလိပ်အက္ခရာစဉ်အတိုင်းဆိုရင် Alphabet, Amazon, Apple, Meta Platforms, Microsoft, NVIDIA and Tesla ဆိုတဲ့ နည်းပညာကုမ္ပဏီကြီးတွေကို ဆိုလိုပြီး နည်းပညာဝန်ဆောင်မှု၊ လျှပ်စစ်နည်းပညာ၊ လက်လီကုန်သွယ်မှုနဲ့ ရေရှည်ခံကုန်စည် ဆိုတဲ့ စျေးကွက် ၄ ခုကို လွှမ်းခြုံပါတယ်။

Morgan Stanley Capital International (MSCI) ရဲ့ ၄၇ နိုင်ငံ ကမ္ဘာ့စတော့အညွှန်းကိန်းအရ ဇန်နဝါရီကတည်းက ၁၁ ရာခိုင်နှုန်း ထိုးတက်ခဲ့ပါတယ်။

ဒါပေမဲ့ နည်းပညာကုမ္ပဏီတွေရဲ့ ၃၀ ရာခိုင်နှုန်း ထိုးတက်မှု၊ အထူးသဖြင့် ချစ်ပ်ပြားကုမ္ပဏီကြီး Nvidia ရဲ့ မျက်လုံးပြူးစရာ ၁၅၀ ရာခိုင်နှုန်း ထိုးတက်မှုက အဓိက ကျခဲ့ပါတယ်။

အမေရိကန် ထိပ်တန်းကုမ္ပဏီ ၅၀၀ ရဲ့ ဒီနှစ်အမြတ်အစွန်းမှာ Nvidia တခုတည်းတင် ၃၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဂျပန်ယန်းငွေတန်ဖိုးဟာ ငွေကြေးစျေးကွက်မှာ ဒေါ်လာနဲ့ယှဉ်ရင် ၃၈ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

ကုန်မာစျေးကွက်မှာတော့ ပစ္စည်းပျက်လို့ ကိုးကိုးမှုန့်စျေး ၈၅ ရာခိုင်နှုန်း တက်ခဲ့ပြီး သမိုင်းမှာ ဒုတိယအမြင့်ဆုံး စျေးခုန်တက်မှု ဖြစ်ခဲ့ပါတယ်။

ရွှေစျေးကလည်း ပြီးခဲ့တဲ့လက စံချိန်တင်တက်ခဲ့ပြီး တအောင်စကို ဒေါ်လာ ၂,၄၅၀ နီးပါးအထိ ဖြစ်ခဲ့ပါတယ်။ ရေနံစျေးကတော့ ပုံမှန်လို့ဆိုနိုင်တဲ့ ၁၂ ရာခိုင်နှုန်း အတက်ပြခဲ့ပါတယ်။

ဘစ်ကွိုင်ကတော့ ဒေါ်လာ ၇၀,၀၀၀ ကျော်သွားပြီး အမေရိကန်မှာ ဘစ်ကွိုင် လဲလှယ်ကုန်သွယ်မှု လုပ်ငန်းတွေကို မီးစိမ်းပြထားတဲ့အတွက် အတက်ပြဖို့ ရှိနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013