DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက်ပေါ်  စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် လူပေါင်း ၁,၈၀၀ ကျော် ဖမ်းဆီးခံနေရ
DVB
·
December 3, 2024
လူမှုကွန်ရက်ပေါ်  စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် လူပေါင်း ၁,၈၀၀ ကျော် ဖမ်းဆီးခံနေရ
1 / 2
Donate to DVB

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူပေါင်း ၁,၈၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါဟာ ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၆ ယောက်လောက် လစဉ် ဖမ်းဆီးခံနေရကာ ပြီးခဲ့တဲ့ သြဂုတ်လကနေ အောက်တိုဘာလအတွင်းမှာတော့ မြို့နယ် ၆၅ မြို့နယ်က အွန်လိုင်းအသုံးပြုသူ ၁၄၉ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်း ဖမ်းဆီးခံရသူဦးရေ သိသိသာသာ များခဲ့ပေမဲ့ အခု ၂၀၂၄ ခုနှစ်ထဲမှာတော့ ဖမ်းဆီးမှုတွေ လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။

၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ အခုနှစ် အောက်တိုဘာလကုန်အထိ မြို့နယ်ပေါင်း ၂၂၃ ခုမှာ ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပြီး အဲဒီအထဲမှာ ပဲခူးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မဟာအောင်မြေမြို့နယ်နဲ့ ပြည်မြို့နယ်တွေကတော့ အဖမ်းအဆီးများတဲ့ မြို့နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူအများစုက Facebook ပေါ်မှာ ရေးသားမျှဝေမှုတွေကြောင့် ဖမ်းဆီးခံရတာ ဖြစ်ပြီး တခြား အွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ TikTok, Telegram, Viber တွေပေါ်မှာ ရေးသားမျှဝေတာတွေကြောင့် အဖမ်းခံရတာတွေလည်း ရှိပါတယ်။

အရေးယူတာတွေဟာ အစောပိုင်းမှာ Facebook လို လူသုံးများတဲ့ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပြောဆိုရေးသားမှုတွေကိုသာ အဓိကထားခဲ့ပေမဲ့ ၂၀၂၃ နဲ့ ၂ဝ၂၄ ခုနှစ်တွေထဲမှာတော့ TikTok ပေါ်က အကြောင်းအရာတွေကိုပါ စောင့်ကြည့်အရေးယူတာတွေ ပိုလုပ်လာတယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးအရေးယူခံရသူတွေထဲမှာ နာမည်ကြီး အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေနဲ့ သတင်းသမားတွေလည်း ပါဝင်ခဲ့သလို အဲဒီ ဖမ်းဆီးအရေးယူမှုတွေကို နေ့စဉ်သတင်းစာတွေနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းမီဒီယာတွေကနေ နေ့စဉ်နီးပါး ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ လူတဦးချင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အကာအကွယ် ပေးသင့်သလို အွန်လိုင်းအသုံးပြုသူတွေ အနေနဲ့လည်း လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနိုင်တဲ့ ရေးသားမျှဝေမှုတွေ မပြုလုပ်မိအောင် စောင့်ထိန်းသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ဘေးကင်းလုံခြုံမှုရှိအောင် သတိထားသုံးစွဲသင့်ပြီး ခရီးမသွားမီ မိမိရဲ့ အချက်အလက် လုံခြုံရေးနဲ့ ဘေးကင်းလုံခြုံရေး အစီအမံတွေ သေချာ ပြင်ဆင်သင့်တယ်လို့လည်း Data for Myanmar အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013