DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်က ခမည်းခမက်ကို ပြင်သစ်သံအမတ်ကြီးအဖြစ် ရွေးချယ်
DVB
·
December 2, 2024
ထရမ့်ပ်က ခမည်းခမက်ကို ပြင်သစ်သံအမတ်ကြီးအဖြစ် ရွေးချယ်
Donate to DVB

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ခမည်းခမက်ဖြစ်သူ အိမ်ခြံမြေ စီးပွားရေး သူဌေးကြီး ချားလ်စ်ကပ်ရှ်နားကို ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရွေးချယ်လိုက်ကြောင်း နိုဝင်ဘာ ၃၀ ရက်က ကြေညာခဲ့ပါတယ်။

ချားစ်ကက်ရှ်နာရဲ့သား ဂျရက်ကက်ရှ်နာဟာ ထရမ့်ပ်ရဲ့သမီး အီဗန်ကာထရမ့်ပ်နဲ့ လက်ထပ်ထားတာ ဖြစ်ပါတယ်။

Truth Social လူမှုကွန်ရက်ပေါ်မှာ ထရမ့်ပ်က “သူ (ချားလ်စ်ကပ်ရှ်နား) ဟာ ထူးချွန်တဲ့ စီးပွားရေးခေါင်းဆောင်၊ ပရဟိတအလှူရှင်နဲ့ အရောင်းအဝယ်ပညာရှင်တယောက် ဖြစ်ပြီး ကျနော်တို့နိုင်ငံနဲ့ အကျိုးစီးပွားကို ခိုင်မာစွာ ကိုယ်စားပြုသွားမှာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က ချားလ်စ်ကပ်ရှ်နားဟာ အခွန်ရှောင်တိမ်းမှု၊ သက်သေအပေါ် မလျော်မကန် နှောင့်ယှက်မှု၊ တရားမဝင် မဲဆွယ်လှူဒါန်းမှု စတဲ့ ပြစ်မှု ၁၈ ခုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပါတယ်။

ဒီပြစ်ဒဏ်ကို ကျခံရပြီးဖြစ်ပေမဲ့ ထရမ့်ပ်က သူ့ပထမသမ္မတသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ချားစ်ကက်ရှ်နာဟာ သူ့အမှုမှာ တဖက်သက်သေထွက်ပေးခဲ့တဲ့ ယောက်ဖဖြစ်သူကို လက်စားချေတဲ့အနေနဲ့ ပြည့်တန်ဆာ ငှားရမ်း၊ ယောက်ဖနဲ့ ပြည့်တန်ဆာဆက်ဆံမှုကို မှတ်တမ်းယူပြီး ညီမဖြစ်သူထံ ဗွီဒီယိုမှတ်တမ်း ပို့ပေးခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် သက်သေကို နှောင့်ယှက်မှုနဲ့ပါ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

စနေနေ့မှာပဲ ထရမ့်ပ်က အခြားခန့်အပ်မှု ၂ ခုကိုလည်း ကြေညာခဲ့ပြီး သူ့ရဲ့ လူဟောင်းတယောက်ဖြစ်တဲ့ ကက်ရှ်ပတ်တဲလ်ကို ဖက်ဒရယ်စုံစမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူးအဖြစ် အဆိုပြုခဲ့ပါတယ်။

ဒါ့အပြင် ဖလော်ရီဒါပြည်နယ် ဟီးစ်ဘာရိုးခရိုင်က ရဲချုပ် ချက်ဒ်ခရိုနစ်စတာကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီရဲ့ အကြီးအကဲအဖြစ် အဆိုပြုခဲ့ပါတယ်။

သံအမတ်ရာထူးနဲ့ သမ္မတရဲ့ တခြားခန့်အပ်မှု အများအပြားမှာ အမေရိကန် အထက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်မှာဖြစ်ပါတယ်။

ရီပတ်ဘလီကန်တွေ အများစုဖြစ်နေတဲ့ အထက်လွှတ်တော်မှာ ထရမ့်ပ်ရွေးတဲ့သူ အများစု အတည်ပြုနိုင်ဖို့ ရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013