DVB Logo
Home
နိုင်ငံတကာ
ဒေါ်လာ နေရာအစားထိုးဖို့ မကြိုးစားရန် BRICS  နိုင်ငံများကို ထရမ့်ပ် သတိပေး
DVB
·
December 1, 2024
ဒေါ်လာ နေရာအစားထိုးဖို့ မကြိုးစားရန် BRICS  နိုင်ငံများကို ထရမ့်ပ် သတိပေး
Donate to DVB

BRICS အဖွဲ့ဝင်နိုင်ငံတွေသာ အမေရိကန်ဒေါ်လာ နေရာမှာ အစားထိုးဖို့ ငွေကြေးအသစ်တခုကို ဖန်တီးမယ်၊ ဒါမှမဟုတ် တခြားငွေကြေးတခုခုကို ထောက်ခံအားပေးမယ်ဆိုရင် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ပစ်မယ်လို့ ဒေါ်နယ်ထရမ့်ပ်က သတိပေးလိုက်ပါတယ်။

တကျော့ပြန်အမေရိကန်သမ္မတ  ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ဒီနိုင်ငံတွေအနေနဲ့ BRICS ငွေကြေးအသစ်တခု မဖန်တီးဖို့နဲ့ အင်အားကြီး အမေရိကန်ဒေါ်လာကို အစားထိုးမယ့် တခြားငွေကြေးကိုလည်း မထောက်ခံဖို့ ကတိပြုရမယ်။ မဟုတ်ရင် သူတို့ဟာ စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ အဲဒီနိုင်ငံတွေအနေနဲ့   အံ့ဘနန်း အားကောင်းတဲ့ အမေရိကန်စီးပွားရေးစနစ်ထဲမှာ ရောင်းဝယ်ဖောက်ကားခွင့်ကို လက်လွှတ်ရမယ်”လို့ ရေးသားခဲ့ပါတယ်။

“နိုင်ငံတကာကုန်သွယ်ရေးမှာ BRICS က အမေရိကန်ဒေါ်လာကို အစားထိုးနိုင်မယ့် အခွင့်အလမ်း လုံးဝမရှိဘူး။ ကြိုးစားမယ့် နိုင်ငံတိုင်းဟာ အမေရိကကို နှုတ်ဆက်ရမှာပဲ” လို့လည်း ဆိုပါတယ်၊။

ဒီခြိမ်းခြောက်မှုဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နဲ့ ယူအေအီးတို့ပါဝင်တဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေကို ရည်ရွယ်ပါတယ်။

တူရကီ၊ အဇာဘိုင်ဂျန်နဲ့ မလေးရှားတို့က BRICS အဖွဲ့ထဲ ဝင်ရောက်ဖို့ လျှောက်ထားထားပြီး နောက်ထပ် နိုင်ငံအချို့ကလည်း စိတ်ဝင်စားမှု ပြသထားကြပါတယ်။

ကမ္ဘာ့စီးပွားရေးမှာ အမေရိကန်ဒေါ်လာဟာ အသုံးအများဆုံး ငွေကြေးဖြစ်နေပေမဲ့  BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့က အမေရိကန်ရဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်အပေါ် လွှမ်းမိုးထားမှုကို စိတ်ကုန်နေကြပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာ့နိုင်ငံခြားငွေကြေး သီးသန့်ရန်ပုံငွေရဲ့ ၅၈ ရာခိုင်နှုန်းဟာ ဒေါ်လာဖြစ်ပြီး ရေနံလို အဓိကကုန်စည်တွေကို ဒေါ်လာနဲ့ပဲ အဓိက အရောင်းအဝယ် လုပ်နေကြပါတယ်။ ဒါပေမဲ့  BRICS နိုင်ငံတွေရဲ့ စီးပွားရေးအင်အား ကြီးထွားလာမှုနဲ့အတူ ဒေါ်လာ မဟုတ်တဲ့ ငွေကြေးတွေနဲ့ ကုန်သွယ်မှုပြုလုပ်လာကြတာကြောင့် ဒေါ်လာရဲ့ လွှမ်းမိုးမှုကို ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

အထူးသဖြင့် ရုရှားသမ္မတ ပူတင်က အမေရိကန်အနေနဲ့ ဒေါ်လာကို လက်နက်အဖြစ် အသုံးချနေတယ်လို့ စွပ်စွဲထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013