DVB Logo
Home
နိုင်ငံတကာ
စင်ကာပူဝန်ကြီးချုပ် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်
DVB
·
November 29, 2024
စင်ကာပူဝန်ကြီးချုပ် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်
Donate to DVB

စင်ကာပူဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး လောရင့်စ် ဝေါင်ဟာ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၈ ရက်မှာ ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်ကို သွားရောက်လည်ပတ်မယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဝေါင်ဟာ ထိုင်းဘုရင် မဟာ ဗဂျီရာ လောင်ကွန်းနဲ့ မိဘုရား စုသီဒါ တို့နဲ့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက် ဝန်ကြီးချုပ် ဖဲထောင်းထန်းနဲ့ အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ စင်ကာပူဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို နေ့လယ်စာနဲ့ တည်ခင်း ဧည့်ခံမှာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ စင်ကာပူဝန်ကြီးချုပ်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန် တို့အပြင် ဝန်ကြီးချုပ်ရုံးနဲ့ နိုင်ငံခြားရေးရုံးတို့က အရာရှိတွေလည်း လိုက်ပါလာမှာပါ။

ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း ဒုဝန်ကြီးချုပ် ဟန်ဆွေကလိုက်ခ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

စင်ကာပူနဲ့ ထိုင်းတို့ဟာ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးနဲ့ ဒစ်ဂျစ်တယ် ချိတ်ဆက်ရေးတို့ အပါအဝင် နယ်ပယ်သစ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့မယ်လို့ စထရိတ်တိုင်းမ်စ် သတင်းဌာနက ဖော်ပြပါတယ်။

၂ နိုင်ငံလုံးဟာ ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး နယ်ပယ်တွေမှာ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် လုပ်မယ်လို့လည်း ဆိုပါတယ်။

လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖယ်ထုတ်ရေး စီမံကိန်းတွေကိုလည်း စင်ကာပူက ထိုင်းနဲ့အတူ ဆောင်ရွက်ဖို့ လိုလားတယ်လို့ စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်က ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013