DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ခေါင်းဆောင်သည့် မူးယစ်မှောင်ခိုဂိုဏ်းမှ ဘတ်သန်းပေါင်း ၁၀၀ ကျော် ပိုင်ဆိုင်မှုများ သိမ်းဆည်း 
DVB
·
November 28, 2024
မြန်မာနိုင်ငံသား ခေါင်းဆောင်သည့် မူးယစ်မှောင်ခိုဂိုဏ်းမှ ဘတ်သန်းပေါင်း ၁၀၀ ကျော် ပိုင်ဆိုင်မှုများ သိမ်းဆည်း 
Donate to DVB

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားခေါင်းဆောင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းသားတွေရဲ့  ဘတ်သန်းပေါင်း ၁၀၁ သန်းရှိ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လက ထိုင်းအလယ်ပိုင်း၊ နွန်ထပူရီခရိုင်၊ ဘန်ယိုင်မြို့နယ်ထဲမှာ ဘိန်းဖြူအလေးချိန် ၉၁ ကီလိုဂရမ် ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး မူးယစ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ တရားရုံးရဲ့ ဝရမ်းစာနဲ့ ခရိုင် ၅ ခုက ပါဝင်ပတ်သက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ သွားရောက်သိမ်းဆည်းခဲ့တယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့ ရဲချုပ် ဖာနုရတ်လတ်ဘွန်းက ပြောပါတယ်။

အဆိုပါ ခရိုင် ၅ ခုမှာ ချင်းရိုင်း၊ ဗိစနုလုတ်၊ ချွန်းပူးရီး၊ နွန်ထပူရီနဲ့ ဘန်ကောက်တို့ဖြစ်ပြီး နေရာပေါင်း ၁၁ နေရာက တရားခံတွေရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁၀၁ သန်းကျော် သိမ်းဆည်းခဲ့တယ်၊ မြေကွက်၊ တိုက်ခန်း၊ ဘဏ်စုငွေ၊ ရွှေငွေလက်ဝတ်တန်ဆာ စတာတွေ ပါဝင်တယ်၊ စစ်ဆေးပြီး မူးယစ်ဆေးနဲ့ပတ်သက်ရာက ရရှိလာတဲ့ငွေတွေဆိုရင် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နန်းဆဲန်ဖစ်၊ နိုင်းဆမ်နဲ့ နိုင်းနိဝပ် စတဲ့ မူးယစ်ဂိုဏ်းသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်၊ နောက်ထပ် ကိုဝစ်၊ ဆုထိပ်နဲ့ အိုင်ယိဆော ဆိုတဲ့ အမျိုးသား ၃ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေတယ်။

အိုင်ယိဆောဟာ မြန်မာနိုင်ငံသားဖြစ်ပြီး မူးယစ်ဆေးသယ်ဆောင်မှုမှာ အဓိက ညွှန်ကြားနေသူ ဖြစ်တယ်။ သူဟာ ထိုင်းအမျိုးသမီးနဲ့ လက်ထပ်ထားပြီး ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဝိန်းဖန်ခမ်းရပ်ကွက်ထဲမှာ နေထိုင်တယ်။ သူ့အမျိုးသမီး‌ရော ဆွေမျိုးတွေရဲ့ အမည်ပါ အသုံးချပြီး ငွေလွှဲခြင်း၊ ငွေကြေးခဝါချခြင်းတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အခုလို ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရတာဟာ မူးယစ်ဆေးဝါးကုန်ကူးမှုကို အမြစ်ကနေ ဖြတ်တောက်တဲ့ နည်းလမ်းတလမ်းဖြစ်တယ်၊ မူးယစ်ကုန်သည်တွေ အကြောက်ဆုံးကလည်း ပိုင်ဆိုင်မှုတွေ အကုန်အသိမ်းခံရတာပါပဲ။

ဒီအမှုမှာ မြန်မာနိုင်ငံသားပါ ပါဝင်ပတ်သက်နေတဲ့အတွက် နိုင်ငံတကာရာဇဝတ်မှု မြောက်တယ်၊ အိုင်ယိဆော အပါအဝင် တရားခံ ၃ ယောက်စလုံးကို ဖမ်းဆီးရမိဖို့  မြန်မာနိုင်ငံက တာဝန်ရှိသူတွေပါ ပူးပေါင်းဆောင်ရွက်ပေးဖို့ အကြောင်းကြားထားတယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

Source: Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013