DVB Logo
Home
မြန်မာသတင်း
ပုသိမ် မီးရထားဝင်းရှိ နေအိမ် ၄၀၀ ခန့်ကို ဖယ်ရှားရန် စစ်ကောင်စီ အသိပေး
DVB
·
November 27, 2024
ပုသိမ် မီးရထားဝင်းရှိ နေအိမ် ၄၀၀ ခန့်ကို ဖယ်ရှားရန် စစ်ကောင်စီ အသိပေး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မီးရထားဌာနပိုင် ဧရိယာအတွင်းမှာရှိတဲ့ နေအိမ် ၄၀၀ လောက်ကို အထက်အမိန့်အရဆိုကာ ဖယ်ရှားပေးဖို့ စစ်ကောင်စီလက်အောက်ခံ မီးရထားဌာန တာဝန်ရှိသူတွေက အသိပေးထားတယ်လို့ မီးရထားဧရိယာအတွင်းမှာ နေထိုင်သူတွေဆီက သိရပါတယ်။

ပုသိမ်မြို့က အမှတ် ၆၊ အမှတ် ၇၊ အမှတ် ၈ နဲ့ ၁၃ ရပ်ကွက်က မီးရထားပိုင် ဧရိယာအတွင်းက နေအိမ် ၄၀၀ ခန့်ကို လာမယ့် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖယ်ရှားပေးဖို့ မီးရထားဌာန တာဝန်ရှိသူတွေက ရပ်ကွက်အတွင်း နေထိုင်သူတွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဘယ်လိုသဘောနဲ့ ဘာလုပ်ဖို့ လုပ်ပြန်တာလဲ မသိဘူး။ ဧပြီလအပြီး ရွှေ့ပေးပါပေါ့ အကြောင်းကြားတယ်။ ရွှေ့တယ် ပြောင်းတယ်ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ဘူး။ အခုကာလ ပိုဆိုးပါတယ်။ မြေအစားပေးမှာလည်း မဟုတ်တော့ ဘာလုပ်ရမှန်းတောင် မသိဘူး။ သူတို့ပြောတာက အထက်ညွှန်ကြားချက်အရတဲ့” လို့ ပြောပါတယ်။

အဲဒီဧရိယာအတွင်း နေထိုင်တဲ့ အိမ်ခြေ ၄၀၀ လောက်မှာ မိသားစုလိုက် လူထောင်ချီ နေထိုင်နေတာဖြစ်ပြီး သင့်လျော်တဲ့ကာလအထိ ဆက်လက်နေထိုင်ခွင့်ပြုပေးဖို့နဲ့ သက်ဆိုင်ရာကို တင်ပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “လက်ရှိ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်းက နေထိုင်သူတွေပါ။ လက်ရှိ မြေပိုင်ရှင်တွေက အရင်လယ်ပိုင်ရှင်တွေဆီကတဆင့် ပြန်လည်ဝယ်ယူထားတာလို့ သိရတယ်။ အစိုးရအဆက်ဆက်ကတော့ ဒီလိုပဲ နေထိုင်ခွင့်ပြုထားတာ။ ဘာစီမံကိန်းအတွက် လုပ်တယ် ဆိုတာတော့ မသိဘူး။ စကစ ညွှန်ကြားချက်နဲ့ ပြောင်းခိုင်းတာလို့ သိရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ကလည်း ပုသိမ်မြို့က မြို့နယ်အားကစားကွင်း ၂ ခုနဲ့ စာသင်ကျောင်း ၄ ကျောင်းမှာ အငှားချထားတဲ့ ဆိုင်ခန်းတွေနဲ့ ဝန်ထမ်းသက်သာ ဆိုင်ခန်းပေါင်း ၁၀၀ လောက်ကို ဖျက်သိမ်းဖို့ တာဝန်ရှိသူတွေက သတိပေး အကြောင်းကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013