DVB Logo
Home
အားကစား
GM ကားကုမ္ပဏီက ဖော်မြူလာဝမ်းပြိုင်ပွဲကို ၂၀၂၆ တွင် ဝင်ပြိုင်မည်
DVB
·
November 27, 2024
GM ကားကုမ္ပဏီက ဖော်မြူလာဝမ်းပြိုင်ပွဲကို ၂၀၂၆ တွင် ဝင်ပြိုင်မည်
Donate to DVB

လာမယ့် ၂၀၂၆ ခုနှစ်မှာ အမေရိကန်ကားကုမ္ပဏီကြီးဖြစ်တဲ့ General Motors (GM) က ဖော်မြူလာဝမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခြေခံသဘောတူညီချက် ရရှိထားပါတယ်။

GM ကုမ္ပဏီဟာ သူတို့ရဲ့ ဇိမ်ခံကားအမှတ်တံဆိပ်ဖြစ်တဲ့ Cadillac နဲ့အတူ ပြိုင်ပွဲဝင် အသင်းသစ်တသင်း ထူထောင်သွားမယ်ဆိုပြီး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

GM နဲ့အတူ မိတ်ဖက်ဖြစ်တဲ့ TWG Global လုပ်ငန်းစုကလည်း “နောင်တချိန်မှာ” ကိုယ်ပိုင်အင်ဂျင်ကို တည်ဆောက်နိုင်တဲ့အထိ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး လျှောက်ထားလာမှုကို ဖော်မြူလာဝမ်းဘက်က “ရှေ့ဆက်ဆောင်ရွက်သွားမယ်” လို့သာ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် GM နဲ့ TWG တို့ဟာ ဖော်မြူလာဝမ်းမှာ ရှယ်ယာတန်ဖိုး မကျဆင်းစေဖို့နဲ့ ပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၀ အထိ ပေးဆောင်သွားမှာလည်း ဖြစ်ပါတယ်။

ဒါဟာ အရင်က ပြိုင်ပွဲဝင် ၁၀ သင်းသာ ရှိခဲ့ရာကနေ ၁၁ သင်းအထိ တိုးလာဖို့ ရှိတဲ့အလျောက် ဆုကြေးငွေခွဲဝေရာမှာ လျော့နည်းနိုင်တဲ့အတွက် နစ်နာကြေးသဘောမျိုး ပေးအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရှိပြီးသား အသင်း ၁၀ သင်းက ဒီလျော်ကြေးငွေကို ခွဲဝေရရှိသွားမှာပါ။

လက်ရှိ ပြိုင်ပွဲဝင်အသင်းတွေဟာ ဖော်မြူလာဝမ်းက စုစုပေါင်းဝင်ငွေရဲ့  ၆၃ ရာခိုင်နှုန်း လောက်ကို အသီးသီးရရှိနေကြတာ ဖြစ်ပါတယ်။

GM ရဲ့ ပူးပေါင်းမှုကြောင့် မာစီးဒီးစ်၊ ဖာရာရီ၊ ဖို့ဒ်၊ ဟွန်ဒါ နဲ့ အော်ဒီတို့ အပါအဝင် ဖော်မြူလာဝမ်းအတွက် အင်ဂျင်ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီအရေအတွက်ဟာ ၆ ခုအထိ တိုးလာမှာဖြစ်ပါတယ်။

ဖို့ဒ်၊ အော်ဒီနဲ့ GM တို့ဟာ ဖော်မြူလာဝမ်းရဲ့ ပြိုင်ပွဲဝင်အသစ်တွေ ဖြစ်လာခဲ့သလို ဖို့ဒ်ကလည်း ရတ်ဘူးလ်နဲ့ ပူးပေါင်းပြီး အင်ဂျင်အသစ်ကို တည်ဆောက်နေတယ်လို့ သိရပါတယ်။

ပြင်သစ်ကုမ္ပဏီ ရီနိုး ပိုင် ပြိုင်ကားအမှတ်တံဆိပ်ဖြစ်တဲ့ အယ်လ်ပိုင်းက ဆက်ရှိနေဦးမှာ ဖြစ်ပေမဲ့လည်း သူတို့ရဲ့ အင်ဂျင်ထုတ်လုပ်မှုကိုတော့ ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီနောက် လာမယ့် ၂၀၂၆ ခုနှစ်ကစပြီး ရီနိုးအသင်းဟာ မာစီဒီးစ်ရဲ့ အင်ဂျင်တွေကိုသာ အသုံးပြုသွားဖို့  ရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013