DVB Logo
Home
မြန်မာသတင်း
မော်ကျွန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စားအုန်းဆီစာအုပ်လုပ်ရန် ကျပ် ၁၀,၀၀၀ အထိ ကောက်ယူနေ
DVB
·
November 26, 2024
မော်ကျွန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စားအုန်းဆီစာအုပ်လုပ်ရန် ကျပ် ၁၀,၀၀၀ အထိ ကောက်ယူနေ
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက စားအုန်းဆီစာအုပ်လုပ်ဖို့ ကျပ် ၁၀,၀၀၀ အထိ ကောက်ယူနေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ကျွဲတလင်းကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးမင်းဦးက နိုဝင်ဘာ ၂၄ ရက်က စတင်ပြီး စာအုန်းဆီစာအုပ် လုပ်ဖို့ဆိုပြီး အရပ်သားတွေဆီကနေ တအိမ်ထောင် ကျပ် ၁၀,၀၀၀ အထိ ကောက်ယူနေတာလို့ ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “မျိုးမင်းဦးက အထက်အမိန့်နဲ့ လုပ်နေတာ၊ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီး ပြောလုပ်နေတာ။ ဆီစာအုပ်လုပ်ရတာ ၁၀,၀၀၀ တောင် ပေးနေရတာ။ ပြန်မေးခွင့် ပြောခွင့် လုံးဝမရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ကျွဲတလင်းကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးမင်းဦး အုပ်ချုပ်တဲ့ အပိုင်ထဲမှာ ကျွဲတလင်း၊ မှန်ကူ၊ ကနစိုချောင်း၊ တောင်ပို့ကုန် စတဲ့ကျေးရွာတွေထဲမှာ ဆီစာအုပ်အတွက် ငွေကောက်ယူနေတာလို့ သိရပါတယ်။

အဲဒီ ကျွဲတလင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မျိုးမင်းဦးဟာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေး စည်းရုံးရေးမှူးတယောက်ဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော်အထိရှိတဲ့ ဒေသကို အုပ်ချုပ်နေတာလို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းထောက်ပံ့ကြေးအတွက်လို့ ခေါင်းစဉ်တပ်ပြီး ကျေးရွာအုပ်စုအတွင်း တအိမ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ လစဉ်လတိုင်း ကောက်ယူနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် ကောက်ယူရရှိတဲ့ငွေတချို့ကို မော်လမြိုင်ကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး သီဟဇော်ကို တဝက်ခွဲပေးတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013