DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်ခံရမှု ပပျောက်ရေး IEC တိုက်တွန်း
DVB
·
November 26, 2024
အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်ခံရမှု ပပျောက်ရေး IEC တိုက်တွန်း
Donate to DVB

ကရင်နီ(ကယား)မှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ စစ်ရဲ့ဒဏ်တွေ၊ အိမ်တွင်း အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို ပပျောက်ရေးအတွက် နှိုးဆော်တိုက်တွန်းမှု ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးများအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့ နိုဝင်ဘာ ၂၅ ရက်ကစပြီး ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ လှုပ်ရှားမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

IEC ရဲ့ ဒုဥက္ကဋ္ဌ ခွန်းဘီထူးက “ကလေးသူငယ်နဲ့ အမျိုးသမီးများစွာက လေယာဥ်ဗုံးကြဲခံရလို့ အသက်များစွာ ဆုံးရှုံးရပြီး စိတ်ဒုက္ခတွေနဲ့ လူမှုရေးဒုက္ခတွေ ကြုံတွေ့နေရတယ်။ သူတို့တွေအတွက် ကောင်းတဲ့အစီအမံအနေနဲ့ ကလေးငယ်နဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့ နည်းလမ်းတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်ကြရအောင်လို့ တိုက်တွန်းလိုတယ်။ စစ်ပွဲကြောင့် ထိခိုက်နေတဲ့သူတွေ အချင်းချင်း ရိုင်းပင်းကူညီခြင်းအားဖြင့် အတူတူဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ မူလအခြေအနေမှာကတည်းက နည်းမျိုးစုံသော အကြမ်းဖက်မှုတွေကို ခံနေကြရပြီး အာဏာသိမ်းပြီးကာလမှာ ပိုမိုဆိုးရွားတဲ့ လိင်အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးခံရမှု၊ လူသားဒိုင်းပြုလုပ်ခံရမှု၊ လက်နက်ကြီးနဲ့ လေကြောင်းဒဏ်ကြောင့် အသက်ဆုံးရှုံးရမှုတွေကို ကြုံတွေ့ ခံစားနေရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေ ပပျောက်ရေးအတွက် အမျိုးသမီး အမျိုးသား အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ထိရောက်ပြီး ကောင်းမွန်တဲ့ အရွေ့တခုကို ရောက်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး ၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ တတ်နိုင်တဲ့ ကဏ္ဍအသီးသီးကနေ လူထုအသိပေး နှိုးဆော်မှုတွေ ပြုလုပ်လာကြတာ ဒီနေ့အချိန်ထိ ရှိနေပြီး ပိုမိုထိရောက်စေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းကျော်အထိရှိနေပြီး အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေရဲ့ အရေအတွက်က ၂ သိန်းကျော်ထိ ရှိနေကာ စစ်ရှောင်ကာလ ကြာမြင့်လာတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ တကိုယ်ရေသုံး အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013