DVB Logo
Home
နိုင်ငံတကာ
ဂါဇာ စစ်ပြေးဒုက္ခသည်များ ရေဘေးနှင့် ရင်ဆိုင်နေရ
DVB
·
November 25, 2024
ဂါဇာ စစ်ပြေးဒုက္ခသည်များ ရေဘေးနှင့် ရင်ဆိုင်နေရ
Donate to DVB

သည်းသည်းမည်းမည်း ရွာတဲ့မိုးနဲ့ ဆိုးရွားတဲ့ ဆောင်းရာသီအောက်မှာ ဂါဇာကမ်းမြောင်ဒေသက စစ်ပြေးဒုက္ခသည် အများအပြားဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေတွေကြား ရွက်ဖျင်တဲတွေနဲ့ နေရပါတယ်။

ဂါဇာကမ်းမြောင်ဒေသက လူပေါင်း ၂ ဒသမ ၃ သန်းအနက် အများစုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပြီး အများစုမှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရတာပါ။

မိုးသည်းလို့ ရာနဲ့ချီတဲ့ ညံ့ဖျင်းတဲ့ တဲတွေ ရေလွှမ်းခဲ့ပြီး အစားအသောက်နဲ့ ပစ္စည်းတွေ ပျက်စီးခဲ့ပါတယ်။

ပါလက်စတိုင်း မြို့ပြအရေးပေါ်ဌာနက ရာသီအလိုက် ရေကြီးရေလျှံမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ထောင်နဲ့ချီတဲ့လူတွေကို အကာအကွယ်ပေးဖို့ အလှူရှင်တွေဆီကနေ ရွက်ဖျင်တဲတွေနဲ့ တဲအသစ်တွေ တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေ ဦးဆောင်တဲ့ စစ်သွေးကြွတွေက နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ကို တိုက်ခိုက်ခဲ့တာပါ။

ဟားမတ်စ် သေနတ်သမားတွေကြောင့် အစ္စရေးက လူပေါင်း ၁,၂၀၀ လောက် သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော်ကို ဂါဇာဆီ ပြန်ခေါ်ဆောင်သွားခဲ့တယ်လို့ အစ္စရေးရဲ့ စာရင်းဇယားတွေက ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ရာမှာ ပါလက်စတိုင်း ၄၄,၂၁၁ ယောက်ထက်မနည်း သေဆုံးပြီး ၁၀၄,၅၆၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013