DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် ဖိလစ်ပိုင်တို့ စစ်ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေရေး သဘောတူ 
DVB
·
November 19, 2024
အမေရိကန်နှင့် ဖိလစ်ပိုင်တို့ စစ်ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေရေး သဘောတူ 
Donate to DVB

ဖိလစ်ပိုင်နဲ့ အမေရိကန် အစိုးရတို့ဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတဲ့ ၂ နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်းစေမယ့် စစ်ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို မျှဝေရေး သဘောတူညီချက်ကို နိုဝင်ဘာ ၁၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်ဟာ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုသီယိုဒိုရိုနဲ့ အတူ ၂ နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်ရေး အဆင်ပြေစေမယ့် ညှိနှိုင်းရေးစင်တာတခုကို ဖိလစ်ပိုင်မြို့တော် မနီလာမြို့က စစ်ဌာနချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

စစ်ဘက် သတင်းအချက်အလက် အထွေထွေလုံခြုံရေး သဘောတူညီချက် GSOMIA လို့ခေါ်တဲ့ ဒီစာချုပ်ဟာ ၂ နိုင်ငံစလုံးကို အမျိုးအစား ခွဲခြားသတ်မှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို လုံလုံခြုံခြုံ မျှဝေဖို့ ခွင့်ပြုထားပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ကျွန်းနားမှာ တရုတ်ရဲ့ ရန်လိုတဲ့ မူဝါဒတွေအဖြစ် ခေါင်းဆောင် ၂ ဦးစလုံးက ရှုမြင်ပြီး တုံ့ပြန်ဖို့ စိတ်အားထက်သန်နေလို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာတို့ လက်ထက်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013