DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များ အဓိကအသုံးပြုနေသည့် ဆပ်သွားတံတားကို စစ်တပ်က ဖောက်ခွဲဖျက်ဆီး
DVB
·
November 18, 2024
စစ်ဘေးရှောင်များ အဓိကအသုံးပြုနေသည့် ဆပ်သွားတံတားကို စစ်တပ်က ဖောက်ခွဲဖျက်ဆီး
Donate to DVB

ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းဘက် စစ်ဘေးတိမ်းရှောင်ဖို့ လာတဲ့အခါ အဓိကအသုံးပြုတဲ့ ဂျိုင်ကောက်တံတား (ဆပ်သွားချောင်းတံတား) ကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ အခက်တွေ့နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်ကို ဆက်သွယ်ထားပြီး ဧရာဝတီတိုင်းဘက်ကို ဂွနဲ့ တောင်ကုတ်မြို့နယ်က ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ရမှာ အဓိကအသုံးပြုတဲ့ ဂျိုင်ကောက်တံတား (ဆပ်သွားချောင်းတံတား) ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက်မှာ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဂျိုင်ကောက်တံတား (ဆပ်သွားချောင်းတံတား) ကို စစ်ကောင်စီတပ်က မိုင်းခွဲခဲ့တာ။ တိုက်ပွဲဖြစ်ရင်း မိုင်းခွဲပြီး နောက်ဆုတ်သွားတာလို့ သိရတယ်။ အခု ဧရာဝတီဘက် ရှောင်မရတော့ဘူး၊ ပိတ်မိနေတာပေါ့။ တိုက်ပွဲကလည်း အတော်ပြင်းထန်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှာ လက်ရှိ  တိုက်ပွဲဖြစ်ပွားနေပြီး တောင်ကုတ်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို AA က တိုက်ထုတ်ပြီး တက္ကသိုလ်ကို ထိန်းချုပ်ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “ဆပ်သွားတံတားက ဧရာဝတီတိုင်းဘက်လာရင် အဓိကကျတဲ့ တံတားလို့ သိရတယ်။ ဧရာဝတီတိုင်းဘက်နဲ့တော့ တိုက်ရိုက်ဆက်သွယ်ထားတာ မဟုတ်ဘူးပေါ့။ စကစဘက်က ဧရာဝတီဘက် စစ်မီးကူးစက်မှာ ဟန့်တားတဲ့အနေနဲ့ လုပ်တာလို့ ယူဆတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က တံတား မိုင်းခွဲဖျက်ဆီးခဲ့တဲ့အပြင် နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်က ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲချခဲ့လို့ အသက် ၉ နှစ်အရွယ် မသဲသဲနဲ့ အသက် ၁၅ နှစ်အရွယ် မသွန်းရတီလှိုင် ဆိုသူ ကလေး ၂ ယောက် အပါအဝင် အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013