DVB Logo
Home
အားကစား
အင်္ဂလန်အသင်း၏ အစဉ်အလာကို ဆက်ထိန်းသွားရန် ဟယ်ရီကိန်းပြော
DVB
·
November 17, 2024
အင်္ဂလန်အသင်း၏ အစဉ်အလာကို ဆက်ထိန်းသွားရန် ဟယ်ရီကိန်းပြော
Donate to DVB

အင်္ဂလန်အသင်းရဲ့အစဉ်အလာကို ဆက်ထိန်းသွားဖို့ သတိပြုရမယ်လို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပြောပါတယ်။

ဟယ်ရီကိန်းဟာ  အခုတပတ်နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းလူစာရင်းကနေ ကစားသမား ၉ ယောက်အထိ နုတ်ထွက်သွားတဲ့အပေါ် မပျော်မရွှင် ဖြစ်နေပြီး အသင်းရဲ့ အစဉ်အလာတတခု ပျောက်ဆုံးသွားမှာကို စိုးရိမ်နေတာပါ။

အင်္ဂလန်အသင်းရဲ့ လေ့ကျင့်တည်းခိုရာနေရာက ကစားသမားတွေအတွက် အထူးဂုဏ်ယူစရာ နေရာဖြစ်ဖို့လိုပြီး ကလပ်အသင်းထက် နိုင်ငံအသင်းက ပထမဦးစားပေးဖြစ်ဖို့ လိုအပ်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ အိုင်ယာလန်နဲ့ နေးရှင်းလိဂ်ပွဲမှာ အနိုင်ရခဲ့ရင်  အဆင့်အမြင့်ဆုံး နေးရှင်းလိဂ် A လိဂ်ဆီ တက်လှမ်းကစားခွင့်ရမှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှု အထူးကောင်းမွန်သွားမယ်လို့  ဟယ်ရီကိန်းက ပြောသွားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013