
လီဗာပူးအသင်းဟာ အိမ်ကွင်း အဲန်ဖီးလ်မှာ ချဲလ်ဆီးကို (၁-၁) ဂိုးနဲ့ သရေကျခဲ့ပြီးနောက် ကွင်းတွင်းပရိသတ်တွေရဲ့ ပြင်းထန်တဲ့ လှောင်ပြောင်မှု ခံခဲ့ရပါတယ်။
လီဗာပူးဟာ အခုရာသီ အိမ်ကွင်းပွဲစဉ်တွေမှာ ဦးဆောင်ဂိုးရပြီးမှ ၉ မှတ်အထိ ဆုံးရှုံးထားခဲ့ပြီး ကစားဟန်ပိုင်းမှာလည်း အားစိုက်ထုတ်မှု ကင်းမဲ့နေတာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ နည်းပြ စလော့က ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို နားလည်ကြောင်းနဲ့ လာမဲ့နွေရာသီမှာ အသင်းကို ပုံစံသစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ပွဲစဉ်အတွင်း ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ရီယိုငူမိုဟာကို လူစားလဲခဲ့စဉ်ကလည်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ စလော့ ရင်ဆိုင်ခဲ့ရပါသေးတယ်။











