DVB Logo
Home
မြန်မာသတင်း
ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း အင်းစိန်ထောင်မှ ပြန်လွတ်မြောက်
DVB
·
November 15, 2024
ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း အင်းစိန်ထောင်မှ ပြန်လွတ်မြောက်
Donate to DVB

ရန်ကုန် အင်းစိန်အကျဥ်းထောင်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဓာတ်ပုံ သတင်းထောက် ကိုကျော်စွာထွန်းဟာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပါတယ်။

သတင်းထောက် ကိုကျော်စွာထွန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် ရတနာလမ်းအနီးမှာ ဒရုန်းစမ်းသပ်မောင်းနှင်ခဲ့မှုကြောင့် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ  ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့  ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

ကိုကျော်စွာထွန်းဟာ ဖမ်းဆီးခံရပြီးနောက်  ၂ နှစ် ၂ လအကြာမှာ ပြန်လွတ်ခဲ့တာလို့ သူနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပြန်လည်လွတ်မြောက်ခဲ့တဲ့ သတင်းထောက် ကိုကျော်စွာထွန်းက “တနိုင်ငံလုံးက အကျဉ်းထောင်တွေမှာ ကျနော့်နည်းတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေကိုလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်စေချင်ပါတယ်” လို့ ပြောပါတယ်။

သတင်းထောက် ကိုကျော်စွာထွန်းဟာ 7 Day TVမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ဖူးခဲ့သလို Mizzima မီဒီယာမှာလည်း Fact Checker အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရတဲ့ ဂျာနယ်လစ် အယောက် ၆၀ လောက်ရှိတယ်လို့ ပြင်သစ်အခြေစိုက်နယ်စည်းခြားသတင်းထောက်များအဖွဲ့ ( RSF) က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းမီဒီယာနဲ့ စပ်ဆက်လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ထုတ်ဝေသူ၊ ရိုက်ကူးရေးသမား၊ သတင်းထောက်တွေအပြင် သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ အနည်းဆုံး ၁၇၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ DVB ကပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

သေဆုံးခဲ့တဲ့ သတင်းထောက် ၄ ယောက် ရှိပြီး လက်ရှိထောင်တွေထဲမှာ အမှုရင်ဆိုင်နေဆဲနဲ့ မတရား ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းသမား ၅၀ ကျော် အကျဥ်းကျခံနေရဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဝရမ်းထုတ်တရားစွဲခံထားရတဲ့ သတင်းထောက် အယောက်  ၅၀ ထက်မနည်း ရှိနေပြီ ထုတ်ဝေခွင့်ပိတ်သိမ်းခံရတဲ့ သတင်းဌာနပေါင်းက DVB အပါအဝင် ၁၄ ခု ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013