DVB Logo
Home
အားကစား
နည်းပြအလွန်ဆိုကို  ဥရောပထိပ်တန်း ၃ သင်း အပြိုင်ခေါ်ယူလို
DVB
·
November 15, 2024
နည်းပြအလွန်ဆိုကို  ဥရောပထိပ်တန်း ၃ သင်း အပြိုင်ခေါ်ယူလို
Donate to DVB

အခုနှစ်ရာသီအကုန်မှာ လီဗာကူဆင်ကနေ ထွက်ခွါတော့မယ့် နည်းပြ ဇာဗီအလွန်ဆိုကို ဥရောပထိပ်တန်း အသင်း ၃ သင်းက အပြိုင်ခေါ်ယူလိုနေပါတယ်။

စပိန်ကလာတဲ့သတင်းတွေအရ အလွန်ဆိုဟာ  ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်းရှိပေမဲ့ အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွါဖို့ စီစဉ်ထားတယ်လို့ ဖော်ပြကြပါတယ်။

မနှစ်ကရာသီကတည်းက လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က အလွန်ဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ လီဗာကူဆင်မှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိ အချိန်မှာတော့ အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်က ရေပန်းစားလာခဲ့ပြီး ဘိုင်ယန်မြူးနစ်ကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

အလားတူ စပိန်ကလပ် ဆိုစီဒက်အသင်းကလည်း အလွန်ဆိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013