DVB Logo
Home
အားကစား
အင်္ဂလန်အသင်းမှ နုတ်ထွက်သွားသူများကို ဟယ်ရီကိန်းပြစ်တင်ဝေဖန်
DVB
·
November 14, 2024
အင်္ဂလန်အသင်းမှ နုတ်ထွက်သွားသူများကို ဟယ်ရီကိန်းပြစ်တင်ဝေဖန်
Donate to DVB

အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်သွားသူတွေကို အခွင့်ကောင်းယူသူတွေအဖြစ် ဟယ်ရီကိန်း ကဝေဖန်သွားပါတယ်။

အခုတပတ် နိုင်ငံတကာပွဲစဉ်တွေအတွက် ထုတ်ပြန်ခဲ့တဲ့ အင်္ဂလန်လူစာရင်းမှာ စီနီယာ ကစားသမား ၉ ယောက်လောက်က ဒဏ်ရာအခြေအနေကြောင့်ဆိုပြီး နုတ်ထွက်ခဲ့ကြတာပါ။

လက်ရှိအချိန်ဟာ ပွဲကျပ်ကာလတွေနဲ့ ခက်ခဲတဲ့အချိန်ကာလတခုရောက်နေတယ်လို့ ထင်ပြီး တချို့ ဒီအခြေအနေကို အခွင့်ကောင်းယူတာမျိုးရှိကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလိုမျိုးတွေကို မနှစ်သက်ကြောင်း၊ အင်္ဂလန်အသင်းဟာ အရာအားလုံးရဲ့ အရင် ဦးစားပေး ဖြစ်သင့်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။

အင်္ဂလန်အသင်းမှာ ဒက်ကလန်ရိုက်စ်၊ ဆာကာ၊ ပါလ်မာ၊ ကိုလ်ဝဲ၊ အာနိုးလ်၊ ဖိုဒမ်၊ ဂရေးလစ်ချ်၊ ဘရေ့ဝိတ်နဲ့ ဂိုးသမားအာရွန်ရမ်စ်ဒေးလ်တို့က ဒဏ်ရာအခြေအနေကြောင့် ဆိုပြီး အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ကြပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013