DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်နှစ် ၂၀ ကျခံနေရသည့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသနေရ
DVB
·
November 13, 2024
ထောင်ဒဏ်နှစ် ၂၀ ကျခံနေရသည့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသနေရ
Donate to DVB

စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးခံရပြီး ထောင်ဒဏ်နှစ် ၂၀ ချခံထားရတဲ့ NLD အစိုးရလက်ထက်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ဟာ  နိုဝင်ဘာ ၁၂ ရက်က မန္တလေးဆေးရုံကြီးမှာ  ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အိုးဘိုအကျဥ်းထောင်မှာ ပုဒ်မ ၅၅ နဲ့ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ဟာ မနေ့မနက်က မန္တလေးဆေးရုံမှာ လာရောက်ပြသခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“မနေ့က ဗဟိုဘဏ်ဒုဥက္ကဋ္ဌကို ထောင်ကနေထုတ်ပြီး  ဆေးရုံလာပြတယ်၊  ၃ ထပ်ဆောင်မှာ။ ဘာရောဂါဖြစ်လဲတော့ မသိဘူး၊ ဆရာဝန်နဲ့ပြပြီးတာနဲ့ ပြန်ခေါ်သွားတာ။  ရဲတွေရော၊ ထောင်ဝန်ထမ်းတွေရော ပါတယ်။”

ဦးဘိုဘိုငယ်မှာ အိုးဘိုအကျဥ်းထောင်အတွင်း အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းနေတဲ့အတွက် မန္တလေးဆေးရုံကြီး ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းဌာနကို လာရောက်ပြသတာလို့ အကျဥ်းဦးစီးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က  DVB ကို ပြောပါတယ်။

“မနေ့က မန္တလေးမှာ သွားပြပြီး ပြန်ခေါ်ခဲ့တာပါ။ အိုးဘိုထောင်ကနေ ဆေးရုံကြီးကိုသွားပြတာ ၄ ယောက်ရှိပြီ။ ဦးဝင်းခိုင်နဲ့  ဦးဇော်မြင့်မောင်က  လွတ်ငြိမ်းပေးပြီးမှ ဆုံးသွားတာ။” 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခု ဒီဇင်ဘာ ၁၃ ရက်မှာ အဂတိပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် နှစ် ၂၀ ချခဲ့တာပါ။

ဦးဘိုဘိုငယ်ဟာ NLD အစိုးရလက်ထက်က ပါတီစီးပွားရေးကော်မတီမှာ ဘဏ်ပညာရှင်တဦးအနေနဲ့ ပါဝင်ခဲ့ပြီး၊ ၂၀၁၇ ဇူလိုင်မှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌအနေနဲ့ တာဝန်ယူခဲ့သူပါ။

နိုဝင်ဘာ ၁ ရက်ကလည်း အိုးဘိုအကျဥ်းထောင်မှာ ထောင်ဒဏ် ၈ နှစ် ကျခံနေရတဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်ဟာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံခဲ့ရပါတယ်။

အောက်တိုဘာလက အိုးဘိုအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦဝင်းခိုင်တို့  မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013