DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါသမ္မတက ဒုသမ္မတကို ရာထူးဆိုင်းငံ့
DVB
·
November 13, 2024
အီကွေဒေါသမ္မတက ဒုသမ္မတကို ရာထူးဆိုင်းငံ့
Donate to DVB

အီကွေဒေါနိုင်ငံမှာ ရွေးကောက်ပွဲနီးလာချိန် သမ္မတ နိုဘိုအာက ဒုတိယသမ္မတ ဗယ်ရိုနီကာအဘဒ်ကို ရာထူးကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။ 

လက်ရှိသမ္မတ နိုဘိုအာ နောက်သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်ခင် ၃ လအလိုမှာ အလုပ်သမားဝန်ကြီးဌာနက ဒုသမ္မတ အဘဒ်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ရာထူးကနေ  ဆိုင်းငံ့ထားတာဖြစ်ပါတယ်။

သူ့ကို ဧပြီလအထိ ယာယီဆိုင်းငံ့ထားလိုက်တာဟာ တရားဥပဒေကို တိုက်ခိုက်ခြင်းပဲလို့ ဒုသမ္မတ အဘဒ်က တုံ့ပြန် ပြောကြားလိုက်ပါတယ်။

“အီကွေဒေါနိုင်ငံဟာ အမှောင်ထဲကို ကျနေပြီး တရားဥပဒေစိုးမိုးရေးနဲ့ အပြန်အလှန် အာဏာ ထိန်းကျောင်းမှုနဲ့ လူ့အဖွဲ့အစည်းကို သတ်မှတ်ပေးတဲ့ စည်းမျဥ်းစည်းကမ်းတွေကို မကြုံစဖူး တိုက်ခိုက်ခံနေရပြီ” လို့ ဒုသမ္မတ အဘဒ်က ပြောပါတယ်။ 

သမ္မတ နိုဘိုအာဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကို စတင်တော့မယ့်အချိန်မှာ သူ့ကို ဘာအထောက်အထားမျှ မရှိဘဲ သူ မလုပ်ခဲ့တဲ့ကိစ္စတွေအတွက် ၅ လလောက် ရာထူးဆိုင်းငံ့လိုက်တာဖြစ်ပြီး ဒါဟာ သမ္မတရွေးကောက်ပွဲကို ဝင်မပြိုင်နိုင်အောင် သမ္မတ နိုဘိုအာက တားမြစ်ဖို့ ကြိုးပမ်းလိုက်တာပဲလို့လည်း အဘဒ်ဟာ နိုဝင်ဘာ ၁၀ ရက်က ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။ 

အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကြီးလည်းဖြစ်တဲ့ အဘဒ် ဟာ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအတွင်း လုံခြုံရေးစိုးရိမ်မှုတွေကြောင့် တူရကီနိုင်ငံကို သွားရောက်ဖို့အမိန့်ကို လိုက်နာခြင်းမရှိလို့ ကြီးလေးတဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြစ်မှုကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး သမ္မတနိုဘိုအာနဲ့ သဘောထား မတိုက်ဆိုင်မှုတွေ တိုးလာတာကြောင့် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

သမ္မတ နိုဘိုအာဟာ  အဘဒ် နေရာမှာအစားထိုးဖို့ စီမံကိန်းဝန်ကြီး ဆာရီဟာ မိုယာကို နိုဝင်ဘာ ၁၁ ရက်မှာ ခန့်အပ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013