DVB Logo
Home
နိုင်ငံတကာ
ကာဗွန်ခရက်ဒစ် ဈေးကွက်စည်းမျဉ်းကို ကမ္ဘာ့နိုင်ငံများ ထောက်ခံ
DVB
·
November 12, 2024
ကာဗွန်ခရက်ဒစ် ဈေးကွက်စည်းမျဉ်းကို ကမ္ဘာ့နိုင်ငံများ ထောက်ခံ
Donate to DVB

ကာဗွန်ခရက်ဒစ် အရည်အသွေးစံသတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ဖို့ COP29 ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်တဲ့  နိုင်ငံတွေက သဘောတူညီခဲ့ပါတယ်။ 

ခရက်ဒစ်စည်းမျဉ်းတွေဟာ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး စီမံကိန်းတွေကို ထောက်ပံ့ဖို့ ကုလနောက်ခံပြု ကမ္ဘာ့ ကာဗွန်ဈေးကွက် ဖော်ဆောင်ရေးမှာ အထူးအရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပနေတဲ့ ကုလညီလာခံ ပထမနေ့မှာပဲ မီးစိမ်းပြခဲ့ကြတာ ဖြစ်ပါတယ်။  

ကာဗွန်ခရက်ဒစ်စနစ် ဆိုတာ သီအိုရီအရပြောရရင် နိုင်ငံတွေ၊ ကုမ္ပဏီတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကြောင့် ကာဗွန်ထွက်ရှိမှုတွေကို ခုနှိမ်ဖို့ ကမ္ဘာပေါ်မှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှု လျှော့ချတဲ့၊ ဖယ်ရှားတဲ့ စီမံကိန်းတွေအတွက် ပေးချေတာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူနိုင်တဲ့ လမုတောတွေ စိုက်ပျိုးတာ၊ ကျေးလက်မှာ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ချက်ပြုတ်နည်းတွေ နေရာမှာ အစားထိုးဖို့ သန့်ရှင်းမီးဖိုတွေ ဝေငှတာလိုမျိုး စီမံကိန်းတွေ ပါဝင်ပါတယ်။ 

အစိုးရတွေဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘဏ္ဍာရေးထောက်ပံ့မှုသဘောတူစာချုပ်ကို  လက်မှတ်ထိုးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပေမဲ့ ဒေါ်နယ်ထရမ့်ပ် ရွေးကောက်ပွဲ နိုင်အပြီးမှာ မရေရာမှုတွေ ရှိလာခဲ့ပါတယ်။ 

ထရမ့်ပ်က  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ကနေ နောက်တစ်ခါ ပြန်လည်နုတ်ထွက်မယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အခုသဘောတူညီချက်အရ လာမယ့်နှစ်ကစလို့ ကာဗွန်ခရက်ဒစ်စနစ်ကို စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ 

ထရမ့်ပ်က ပါရီသဘောတူညီချက်က နုတ်ထွက်ရင်တောင် အမေရိကန်ကုမ္ပဏီတွေဟာ ဈေးကွက်မှာ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်သဘောဆန္ဒအလျောက် ရာသီဥတု ထိခိုက်မှု လျှော့ချချင်တယ်ဆိုရင် ကုလနောက်ခံပြု ဈေးကွက်ကနေ ခရက်ဒစ်တွေ ဝယ်နိုင်မှာ ဖြစ်ပါတယ်။ 

အပြည်ပြည်ဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု ကုန်သွယ်ရေးအသင်းရဲ့ အဆိုအရ ဒီကုလသမဂ္ဂ ဈေးကွက်ဟာ ၂၀၃၀ ကျရင် တစ်နှစ်ကို ဒေါ်လာ ဘီလီယံ ၂၅၀ အထိ ရောက်လာနိုင်ပြီး နှစ်စဉ် ကာဗွန်ထွက်ရှိမှု ၅ ဘီလီယံ မက်ထရစ်တန်အထိ လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013