DVB Logo
Home
မြန်မာသတင်း
တပိုင်တနိုင် အထည်ချုပ်အိမ်ရုံလုပ်ငန်း တွင်ကျယ်လာပြီး လုပ်သား လိုအပ်နေ
DVB
·
November 11, 2024
တပိုင်တနိုင် အထည်ချုပ်အိမ်ရုံလုပ်ငန်း တွင်ကျယ်လာပြီး လုပ်သား လိုအပ်နေ
Donate to DVB

မြန်မာပြည်တွင်းမှာ တပိုင်တနိုင်အထည်ချုပ်အိမ်ရုံလုပ်ငန်းတွေ တွင်ကျယ်လာပြီး လုပ်သားလိုအပ်ချက်တွေ ရှိနေတယ်လို့  အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်တွင်းမှာ ဖြန့်ရောင်းတဲ့ အော်ဒါအထည်တွေကို အိမ်ရုံတွေက ချုပ်လုပ်နေတာဖြစ်ပြီး ဈေးကွက်ဝယ်လိုအားများလို့ လုပ်ငန်းတိုးချဲ့ရတာတွေ ရှိနေတာလို့ ဆိုပါတယ်။

အထည်ချုပ်အိမ်ရုံ ဖွင့်ထားသူတယောက်က “နာမည်ကြီး အမှတ်တံဆိပ်အထည်တွေ ဈေးမြင့်လာတာကြောင့်လည်းပါမယ်။ အိမ်ရုံချုပ် အထည်အော်ဒါတွေ တက်လာတယ်။ လူတွေက ငွေကို ချွေတာသုံးလာရတော့ ပြည်တွင်းချုပ်အထည် ဈေးကွက်ဖြစ်တဲ့သဘော ထင်တာပဲ” လို့ ပြောပါတယ်။

အိမ်ရုံတွေအနေနဲ့ အထည်အော်ဒါ လက်ခွဲပြန်ချပေးတာ၊ အထည်ကြေး၊ လစာစနစ်တို့နဲ့ လုပ်သား ခေါ်ယူတာမျိုးတွေ ရှိတယ်လို့ ကိုယ်တိုင်လုပ်ကိုင်နေသူတချို့က ပြောပါတယ်။

အထည်ချုပ်အိမ်ရုံမှာ လုပ်ကိုင်နေသူတယောက်က “တချို့အိမ်ရုံတွေက အဆောင်ပေးတယ်။ ချက်စားဖို့ ဆန်ပေးတယ်။ လုပ်ခရှင်းပေးပုံကတော့ တယောက်နဲ့တယောက် မတူဘူး။ စက်ရုံကြီးတွေမှာလောက် ဖိအားမများဘူး။ လုပ်ခလည်း လုပ်နိုင်သလောက် ပိုရတယ်” လို့ ပြောပါတယ်။

စက်ရုံတွေမှာ လုပ်သားခေါ်ယူရာမှာ ကန့်သတ်ချက်တွေ များပြီး စက်မှုဇုန်ထဲအထိ သွားလာရတာကြောင့် အိမ်ရုံတွေမှာ ပြောင်းရွှေ့လုပ်ကိုင်သူတွေ များလာတယ်လို့လည်း အလုပ်သမားတချို့က ပြောပါတယ်။

လက်ရှိ ပြည်တွင်းက အထည်ချုပ်စက်ရုံကြီးတွေမှာ လုပ်ခချိုးနှိမ်ပေးတာ၊ အချိန်ပို ညလုံးပေါက် ဆင်းခိုင်းတာမျိုးအပြင် အဓမ္မစေခိုင်းမှုတွေကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013