DVB Logo
Home
မြန်မာသတင်း
အမျိုးသားရေးလှုပ်ရှားသူ ငါးမင်းဆွေ ဖမ်းဆီးခံရ
DVB
·
November 10, 2024
အမျိုးသားရေးလှုပ်ရှားသူ ငါးမင်းဆွေ ဖမ်းဆီးခံရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ရွာ၊ ဗိုလ်ချုပ်လမ်းမှာ နေထိုင်တဲ့ အမျိုးသားရေးလှုပ်ရှားသူ ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို နိုဝင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က စစ်ကောင်စီရဲတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ဦးမင်းဆွေရဲ့ တစ်တော့ချန်နယ်မှာ စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေကို အားပေးထောက်ခံတဲ့သဘောနဲ့ ပြောဆိုနေတဲ့ ၄ မိနစ် စက္ကန့် ၅၀ ပါ ဗီဒီယိုကလစ်ကို တင်ပြီး နောက်ရက်မှာပဲ ချက်ချင်း ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။

အဲဒီလို သူ့ကို ကျိုက်ထိုရဲစခန်းမှူးက လာခေါ်နေတယ်ဆိုတဲ့အကြောင်းကိုလည်း ငါးမင်းဆွေက သူ့ရဲ့ တစ်တော့မှာ ဗွီဒီယိုတင်ပြီး ပြောဆိုခဲ့ပါသေးတယ်။

ဦးမင်းဆွေကို ကျိုက်ထိုရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပေမဲ့ ရန်ကုန်၊ လှိုင်မြို့နယ်၊ စစ်ကောင်စီရဲစခန်းမှာ အမှုဖွင့်ထားတာကြောင့် ရန်ကုန်ကို ပို့ဆောင်ခံရမှာဖြစ်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ငါးမင်းဆွေ ဖမ်းဆီးမှုကို အားပေးထောက်ခံ ရေးသားနေကြတာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အွန်လိုင်းမှာ လှောင်ပြောင်ဝေဖန်ခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် ငါးမင်းဆွေ (ခ) ဦးမင်းဆွေဟာ လက်ရှိမှာ လှိုင်မြို့မရဲစခန်း (ပ)၂၇၄/၂၀၂၄၊ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013