DVB Logo
Home
မြန်မာသတင်း
မှော်ဘီလေတပ်ကိုတာဝေးပစ်ဒုံးဖြင့်ပစ်ခတ်၊ ထောက်ကြန့်ဘက်ကျရောက်ပေါက်ကွဲ
DVB
·
November 9, 2024
မှော်ဘီလေတပ်ကိုတာဝေးပစ်ဒုံးဖြင့်ပစ်ခတ်၊ ထောက်ကြန့်ဘက်ကျရောက်ပေါက်ကွဲ
Donate to DVB

ရန်ကုန်၊ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ လေတပ်စခန်းကို တာဝေးပစ်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တခုက ထုတ်ပြန်ပြီး အဲဒီဒုံးတွေဟာ မင်္ဂလာဒုံနဲ့ ထောက်ကြန့်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပြတော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Urban Special Operations USO အဖွဲ့က နိုဝင်ဘာ ၉ ရက် မနက် ၁၂ နာရီ ၅၅ မိနစ်မှာ မှော်ဘီလေတပ်ကို တာဝေးပစ်မစ်ဇိုင်းဒုံး ၄ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဂိုထောင်နဲ့ အရာရှိအိမ်တွေပျက်စီးနိုင်တာကြောင့် ဒေသခံတွေ သတိရှိကြဖို့ သူတို့ရဲ့ သတင်းပြန်ကြားရေးဌာန တယ်လီဂရမ်ချန်နယ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ထောက်ကြန့်မြို့ခံတယောက်က “လမ်းဆုံနဲ့တော့ဝေးမယ်။ ထောက်ကြန့်အစပ် မှော်ဘီ တိုးဂိတ်အကျော်က ကွင်းထဲ‌လောက်မှာ။ တပ်ထဲတော့ မဟုတ်ဘူး။ ည ၁ နာရီထိုးကာနီး ၂ ခါ။ ၂ ခါစလုံး အသံတော်တော်ကျယ်တယ်။ မင်္ဂလာဒုံဘက်ကဆို ရန်ကုန်- ပြည်လမ်းဘက်ခြမ်း” လို့ ပြောပါတယ်။

ဒီနေ့မနက်မှာ မှော်ဘီလေတပ်ထဲ ပုံမှန်ကားအဝင်အထွက်၊ လူအဝင်အထွက်ရှိနေသလို ဝန်းအနီးက ကုန်းတန်းကြီးရွာ၊ ရှမ်းကုန်းရွာတို့က ဈေးနဲ့ ဆိုင်တွေပုံမှန်ဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မှော်ဘီမြို့ခံတယောက်က “အဲအချိနိ ကျနော်တို့ မအိပ်သေးဘူး။ ည ၁၂ နာရီ ၅၅ မှာ တကြိမ် အသံကြားရတာ။ နောက်တလုံးက ၁၂ နာရီ ၅၆ မိနစ်မှာ။ အသံ ၂ သံပဲ ကြားရတာ။ ညက ကြားရတာ အသံတော့ တော်တော်ကျယ်တယ်။ ထောက်ကြန့်ဘက်နားမှာပဲ ကျကွဲတာ။ ဒီလေတပ်ဝန်းထဲတော့ ပေါက်ကွဲတာမျိုးမရှိဘူး။ ပေါက်ကွဲပြီဆို ဒီလို နေလို့လည်း မရဘူး” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့ပြစစ်ဆင်‌ရေးအထူးတပ်ဖွဲ့ Urban Special Operations USO ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

နိုဝင်ဘာ ၈ ရက် ညပိုင်းကလည်း မြောက်ဥကလာပမြို့နယ်၊ အဝိုင်းကြီး(EPC) လျှပ်စစ်ရုံး၊ ကင်းတဲအနီးမှာ လက်ပစ်ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ဒီတိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ်(ပကဖ)နဲ့ Yangon UG People Army တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013