DVB Logo
Home
နိုင်ငံတကာ
ဝန်ကြီးချုပ်ဟောင်းကို တရားစွဲဆိုရန်နှင့် ရွေးကောက်ပွဲ ကျင်းပရန် ဒါကာ၌ ဆန္ဒပြ
DVB
·
November 9, 2024
ဝန်ကြီးချုပ်ဟောင်းကို တရားစွဲဆိုရန်နှင့် ရွေးကောက်ပွဲ ကျင်းပရန် ဒါကာ၌ ဆန္ဒပြ
Donate to DVB

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာရဲ့ ရာထူးသက်တမ်းအတွင်း တချိန်က အကြီးမားဆုံး အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် မျိုးချစ်ပါတီ BNP ကို ​​ထောက်ခံသူ ထောင်ပေါင်းများစွာဟာ နိုဝင်ဘာ ၈ ရက်က မြို့တော်ဒါကာမှာ စုဝေးခဲ့ကြပြီးတော့ ဟာဆီနာကို တရားစွဲဆိုမှုနဲ့ အထွေထွေရွေးကောက်ပွဲကျင်းပရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။

ကြွေးကြော်သံတွေကို အော်ဟစ် ရွတ်ဆိုရင်း BNP တက်ကြွလှုပ်ရှားသူတွေဟာ မဟာမိတ်အဖွဲ့ တွေနဲ့အတူ ဒါကာမြို့ရဲ့လမ်းတွေတစ်လျှောက် ချီတက်ခဲ့ကြပါတယ်။ 

“လွန်ခဲ့တဲ့ ၁၆ နှစ်ကနေ ၁၇ နှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီမိုကရက်စီ စနစ်ကို ဖျက်ဆီးခဲ့တဲ့ လူသတ်သမား ဟာစီနာကို တရားစွဲဖို့ တောင်းဆိုထားပြီးတော့ တချိန်တည်းမှာပဲ အခု အာဏာရထားတဲ့ ကြားဖြတ်အစိုးရနဲ့အတူ မဝေးတော့တဲ့ အနာဂတ်မှာ ပြည်သူတွေက အစိုးရ ဖွဲ့နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ BNP ရဲ့ တွဲဖက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ဂျက်ရှ်တဒ်ဘီ ကျောင်းသားအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး နာဆီယာ အူဒင် နာဆီယာက ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာရာဇ၀တ်မှုခုံရုံးဟာ ပြီးခဲ့တဲ့လက ဟာစီနာကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး အခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ဟာစီနာ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ကိုးကား ပြောကြားခဲ့ပါတယ်။ 

အစိုးရအလုပ်အကိုင် ခွဲတမ်းစနစ်ကို ဆန့်ကျင်ပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုအဖြစ် စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးချိန်နောက်ပိုင်း လူအသေ အပျောက် အများဆုံး ဆူပူအုံကြွမှုတွေ ဖြစ်လာခဲ့ပြီး လူပေါင်း ၇၀၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ 

အကြမ်းဖက်မှုကြောင့် နောက်ဆုံးမှာ ဟာစီနာဟာ သြဂုတ် ၅ ရက်မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ ရပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မူဟမ်မဒ် ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရမှ နိုင်ငံကို တာဝန်ယူခဲ့ရပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013