DVB Logo
Home
မြန်မာသတင်း
အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီတပ် ကင်းစခန်း ၂ ခု တိုက်ခိုက်ခံရ  
DVB
·
November 7, 2024
အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီတပ် ကင်းစခန်း ၂ ခု တိုက်ခိုက်ခံရ  
Donate to DVB

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက တပ်ကင်းစခန်း ၂ ခုကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ People’s Revolution Alliance PRA မကွေးအဖွဲ့ဆီက သိရပါတယ်။

နိုဝင်လဘာ ၅ ရက် မနက် ၁၁ နာရီက ဂုတ်ကြီးကျေးရွာထိပ် ငဖဲမြို့နယ်၊ ဘုံဘောလမ်းဆုံနဲ့ မိုင်တိုင် ၁၁ မှာရှိတဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ တပ်ကင်းစခန်း ၂ ခုကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က စစ်ကူတွေရောက်ရှိလာသလို နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်ကလည်း ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်တဲ့အတွက် ပြန်ဆုတ် ခဲ့ရတယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အလောင်းတွေကိုတော့ နတ်ရေကန် လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်တွေနဲ့ သယ်ထုတ်သွားတယ်လို့ သိရပေမဲ့ အတည်ပြုချက်ရဖို့  စစ်ကောင်စီ ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

PRA မကွေးတာဝန်ရှိသူက “ကင်းစခန်း ၂ ခုကို  တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်တယ်။ နှစ်ဘက် ပစ်ခတ်မှု နာရီဝက် ကြာတယ်၊  နတ်ရေကန်တောင်ပေါ်က လက်နက်ကြီး ပစ်ကူ ပေးတာရှိတယ်။ ပြန်ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်း၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013