DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကြောင့် ၁၀ လအတွင်း စစ်ကိုင်းတိုင်းက ပြည်သူ ၄၀၀ ကျော်သေဆုံး
DVB
·
November 2, 2024
စစ်ကောင်စီကြောင့် ၁၀ လအတွင်း စစ်ကိုင်းတိုင်းက ပြည်သူ ၄၀၀ ကျော်သေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၁၀ လအတွင်း စစ်ကောင်စီက သတ်ဖြတ်တိုက်ခိုက်လို့ စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

AAPP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီကြောင့် အမျိုးသမီး အယောက် ၁၆၀ နဲ့ အမျိုးသား ၂၈၄ ယောက်၊ စုစုပေါင်း ၄၄၄ ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီထဲက ၁၂၉ ယောက်ဟာ စစ်အုပ်စုက ဖမ်းဆီးပြီးနောက် နည်းမျိုးစုံနဲ့ သတ်ဖြတ်လို့ သေဆုံးခဲ့ပြီး ၁၁၉ ယောက်ကတော့ လေကြောင်းကတိုက်ခိုက်လို့ သေဆုံးခဲ့တာကို စိစစ်အတည်ပြုနိုင်ပြီး ဒီထဲမှာ အသက် ၁၈ နှစ်နဲ့အောက် ကလေး အယောက် ၅၀ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြောက်ကျည်ကျေးရွာထဲကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံ ၇ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာခဲ့ချိန်ကနေ နိုဝင်ဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းမှာ ၅,၉၁၄ ယောက် ရှိခဲ့ပြီလို့လည်း AAPP မှတ်တမ်းတွေအရ သိရပါတယ်။

ပြီးတော့ အဲဒီကာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရသူပေါင်း ၂၇,၆၂၈ ယောက်ထဲက ၂၁,၀၇၈ ယောက်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၉,၄၈၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်ပဲဖြစ်ပြီး မြေပြင်မှာတော့ ဒါထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013