
မကြာသေးခင်က ကွယ်လွန်သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် အမှတ်တရ “ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ် ထွက်ရှိလာခဲ့ပြီး ပြည်သူတွေ ဖတ်ရှုနိုင်ဖို့ အခမဲ့ ဖြန့်ချိပေးနေပါတယ်။
ဒီစာအုပ်ကိုတော့ NLD ပါတီ ဆရာဇော် အမှတ်တရစာအုပ် ဖြစ်မြောက်ရေးအဖွဲ့က နိုဝင် ဘာ ၁ ရက် ဒီကနေ့မှာ ebook အနေနဲ့ စတင်ဖြန့်ချိလိုက်တာပါ။
နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ၄ ကြိမ်ဆက်တိုက်အနိုင်ရခဲ့တဲ့ NLD လွှတ် တော်ကိုယ်စားလှယ်တယောက် ဖြစ်ပါတယ်။
သွေးကင်ဆာရောဂါ ဝေဒနာခံစားနေရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ် အာဏာရှင်က ၂၀၂၁ အာဏာသိမ်းချိန်ကတည်းက ထပ်မံဖမ်းဆီးပြီး ထောင်ဒဏ် ၂၉ နှစ် အထိချမှတ် အကျဉ်းချထားခဲ့ကာ လုံလောက် ကောင်းမွန်တဲ့ ဆေးဝါးကုသခံယူခွင့် မပေးခဲ့လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။
ခုလတ်တလော ဖြန့်ချိထားတဲ့ “ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်ထဲမှာတော့ မေ့ ပျောက်မသွားနိုင်တဲ့ အမှတ်တရ စကားသံတွေ၊ ဆရာဇော့် ဘဝဖြတ်သန်းမှု အပိုင်းအစ တွေ၊ ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ ခံစားချက်စကားသံ စာစုတွေ၊ ဆရာဇော် ရေးသားခဲ့ တဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ နိုင်ငံရေးလုပ်ဆောင်ချက်၊ သဘောထားနဲ့ ပြောကြားချက်တွေအပါအဝင် စာမျက်နှာ ၈၀ ကျော်နဲ့ ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။
ဖတ်ရှုလိုသူတွေအနေနဲ့ ဖော်ပြပါ လင့်ခ်က တဆင့် အခမဲ့ ဒေါင်းလုတ်ရယူကာ ဖတ်ရှုခံ စားနိုင်မှာ ဖြစ်ပါတယ်။
စာအုပ်လင့်ခ် -
“ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ် ဝင်ရောက်ဖတ်ရှု့နိုင်သော ebook link











