DVB Logo
Home
မြန်မာသတင်း
အာဇာနည်​ခေါင်း​ဆောင်ကြီး မန်းဘခိုင် အမှတ်တရ တိုက်နယ်ဆေးရုံသစ် ပန္နက်တင် အခမ်းအနား ကျင်းပ
DVB
·
December 28, 2019
အာဇာနည်​ခေါင်း​ဆောင်ကြီး မန်းဘခိုင် အမှတ်တရ တိုက်နယ်ဆေးရုံသစ် ပန္နက်တင် အခမ်းအနား ကျင်းပ
1 / 5
Donate to DVB

အာဇာနည်​ခေါင်း​ဆောင်ကြီး မန်းဘခိုင်အမှတ်တရ တိုက်နယ်ဆေးရုံသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားနဲ့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဟင်္သာတမြို့နယ် ယုန်သလင်း​ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

တိုက်နယ်​ဆေးရုံသစ်ဟာ ကိုယ်ထူကိုယ်ထ​စနစ်နဲ့ အများပြည်သူ ထည့်ဝင်​ငွေနဲ့ ပြုလုပ်မှာဖြစ်ပြီး ကွန်ကရစ်လမ်းသစ်ကလည်း အမျိုးသားလွှတ်​တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းရဲ့ မ,တည်​လှူဒါန်း​ငွေနဲ့ အတူ တည်​ဆောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်နယ်​ဆေးရုံသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကို အာဇာနည်​ခေါင်း​ဆောင်ကြီး မန်းဘခိုင်ရဲ့ ဇာတိ​ကျေးရွာဖြစ်တဲ့ ယုန်သလင်း​ကျေးရွာမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်​နေ့ မနက် စတင်ကျင်းပခဲ့ပါတယ်။

ပန္နက်တင် အခမ်းအနားကို အမျိုးသားလွှတ်​တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ လူဝင်မှုကြီးကြပ်​ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဌာနမှ ​ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသား​ရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ​ဆောက်လုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ​ဒေါက်တာမန်းမြင့်ဆိုင်နဲ့အတူ သက်ဆိုင်ရာဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေ တက်​ရောက်ခဲ့ကြပါတယ်။



တိုက်နယ်​ဆေးရုံကို ​စေတနာရှင်ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ပဲ တည်​ဆောက်သွားမှာ ဖြစ်ပြီး ​ပန္နက်တင်မင်္ဂလာအပြီးမှာ ​အလှူရှင်တွေ အလှူ​ငွေ​ပေးအပ်တာနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ​ ပေးအပ်တာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ယုန်သလင်းတိုက်နယ်​ဆေးရုံသစ်ဟာ ဟင်္သာတမြို့ရဲ့ အ​နောက်​တောင်ဘက် ၁၄ မိုင်အကွာမှာ တည်ရှိပြီး ​ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာ​ပေါင်း ၉၇ ရွာအပြင် ဆက်စပ်အုပ်စု ၅ အုပ်စုနဲ့ ကျေးရွာ​ပေါင်း ၂၅ ရွာကိုလည်း အကျိုးပြု​စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယုန်သလင်းတိုက်နယ်ဟာ ၄၇ ဧရိယာစတုန်းမိုင် ကျယ်ဝန်းပြီး လူဦး​ရေ သိပ်သည်းနှုန်းဟာ ၁ စတုရန်းမိုင်လျှင် ၆၈၁ ဦးနှုန်း ရှိပါတယ်။ တိုက်နယ်ထဲမှာ ​ကျေးလက်ကျန်းမာ​ရေးဌာန ၁ ခုနဲ့ ​ကျေးလက်ကျန်းမာ​ရေးဌာနခွဲ ၅ ခုအထိ ရှိကာ လူဦး​ရေ ၃ ၂,၆၈၀ ဦးနဲ့ အိမ်​ထောင်စုဦး​ရေ ၇,၆၇၇ စု ရှိပါတယ်။



ယုန်သလင်း​​ကျေးရွာဟာ လက်ရှိမှာ​ ကျေးလက်ကျန်းမာ​ရေးဌာနရှိ​​ပြီး တိုက်နယ်​ဆေးရုံ အဆင့်အဖြစ် ​မြေဧက ၅ ဒသမ ၀၄ ဧက အကျယ်အဝန်း​ပေါ်မှာ ​ဆေးရုံတည်​ဆောက်မှာ ဖြစ်ပါတယ်။ ​

တိုက်နယ်ဆေးရုံသစ် ပန္နက်တင်အခမ်းအနားပွဲအပြီးမှာ အမျိုးသားလွှတ်​​တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းဟာ ယုန်သလင်း​ကျေးရွာ ရွာလယ်လမ်းမကြီးနဲ့ ​ကျေးလက်ကျန်းမာ​ရေးဌာ နတို့ကို ဆက်သွယ်​ဖောက်လုပ်ထားတဲ့ ကွန်ကရစ်လမ်းသစ်ကိုလည်း ဖွင့်လှစ်​ပေးခဲ့ပါတယ်။ 

အဲဒီကွန်ကရစ်လမ်းသစ်က​​တော့ အကျယ် ၉ ​ပေ အရှည် ၉၀၀ ​ပေခန့်ရှည်လျားပြီး ကျပ်သိန်း ၇၀ ကုန်ကျဖြစ်ပြီး ဦးမန်းဝင်းခိုင်သန်းက ကျပ်သိန်း ၆၀ နဲ့ ဦးမန်းသိန်းခိုင်သန်းက ၁၀ သိန်းကျပ် အကုန်အကျခံ လှူဒါန်း​ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။





​ဌေးလှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013