DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းက စစ်သားသစ် ၁၆၀,၀၀၀ ဆင့်ခေါ်မည်
DVB
·
October 31, 2024
ယူကရိန်းက စစ်သားသစ် ၁၆၀,၀၀၀ ဆင့်ခေါ်မည်
Donate to DVB

ယူကရိန်းအစိုးရဟာ သူ့စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ နောက်ထပ်လူ ၁၆၀,၀၀၀ ကို စပြီး ဆင့်ခေါ်တော့မယ်လို့ ယူကရိန်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အိုလက်ခ်စန်ဒါ လစ်ဗင်းနန်ကိုက လွှတ်တော်ကို ပြောခဲ့ပါတယ်။

လူသစ်စုဆောင်းချိန်က ၃ လကျော် ကြာမယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တခုက ဖရန့်စ် ပရက်စ် သတင်းဌာနကို သီးခြားပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါခိဗ်ဒေသက အဓိကကျတဲ့ ကူပြန့်စ်ခ်မြို့အနား ခရူလက်ဗ်ကိဗ်ကာရွာကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမဲ့ ဒီသတင်းကို ယူကရိန်းစစ်တပ်က အသိအမှတ်မပြုပါဘူး။ အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေတဲ့ ရွာ ၉ ရွာကို ရုရှားက တိုက်ခိုက် ခြေကုပ်ယူခဲ့တယ်၊ ရုရှားရဲ့တိုက်ခိုက်မှု ၁၅ ကြိမ်ကို ချေမှုန်းနိုင်ခဲ့ပြီး တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားနေဆဲလို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီနေ့မှာပဲ ရုရှားဒရုန်းတွေကို ပစ်ချခဲ့တယ်လို့ ယူကရိန်းက အခိုင်အမာ ပြောခဲ့ပါတယ်။

ရုရှားတပ်တွေက ခါခိဗ်နဲ့ ဒန်ညက်စ် ဒေသတွေက ရွာ ၂ ရွာကို ထိန်းချုပ်ထားပြီး ယူကရိန်းစစ်တပ်ရဲ့ လူအင်အား၊ စက်ကိရိယာတပ်ဆင်တဲ့ နေရာတွေ၊ စစ်ဘက် လေဆိပ်အဆောက်အဦတွေ၊ ရေနံချက်စက်ရုံတွေနဲ့ လက်နက်တိုက်တွေကို နယ်မြေ ၁၄၇ နေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီနေ့မှာ မောင်းသူမဲ့လေယာဉ် ၆၇ စင်း ပစ်ချခဲ့တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းစစ်တပ်ကတော့ ရုရှားတပ်ဖွဲ့တွေ စုစည်းနေတဲ့ နယ်မြေ ၁၁ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အဲဒီနေ့မှာပဲ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းဘက်ကလည်း သူ့တပ်တွေဟာ ရုရှားတင့်ကား ၈ စီး၊ သံချပ်ကာယာဉ် ၂၉ စီးနဲ့ ဒရုန်းအစင်း ၄၀ တို့ကို ဖျက်ဆီးခဲ့ပြီး ခူရာခို့ဗ်မြို့ကို ဦးတည်နေတဲ့ ရုရှားရဲ့ တိုက်ခိုက်မှု ၄၂ ခုကို ချေမှုန်းခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ဟာ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်တာတွေ ရပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ Financial Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဆွေးနွေးပွဲတွေကတော့ ပဏာမအဆင့်မှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေက ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာပါ။

ယူကရိန်းကလည်း ရုရှားနိုင်ငံထဲက ရေနံနဲ့ လောင်စာဆီ သန့်စင်ရေး စက်ရုံတွေနဲ့ သိုလှောင်ကန်တွေ အများအပြားကို ဖျက်ဆီးခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013