DVB Logo
Home
မြန်မာသတင်း
ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းတည်ထောင်၊ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲဝင်မည်
DVB
·
October 30, 2024
ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းတည်ထောင်၊ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲဝင်မည်
Donate to DVB

စစ်အာဏာရှင်တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ကယန်းအမျိုးသား တပ်မတော် (Kayan National Army-KNA)  ကို  တပ်ရင်း ၈ ရင်းနဲ့ စတင်ဖွဲ့ စည်းတည်ထောင်လိုက်တယ်လို့  အောက်တိုဘာ  ၂၉ ရက်မှာ  ထုတ်ပြန်ပါတယ်။

တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ခေါင်းဆောင်တွေနဲ့ ကော်မတီဖွဲ့စည်းပြီး ကယန်းလူထုအခြေပြုလက်နက်တော်လှန်ရေးတပ်တွေကိုစုစည်းကာ ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင် လိုက်တာပါ။

KNA ပြန်ကြားရေးတာဝန်ရှိသူတယောက်က  "KNA တည်ထောင်ဖြစ်တဲ့ ရည်ရွယ်ချက်က တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်းမှာ ကယန်းလူမျိုးတွေ ပူးပေါင်းပါဝင်တာက ကဏ္ဍအမျိုးမျိုး ရှိကြတယ်။ ဒါပေမဲ့ ကယန်းအမျိုးသားကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့တခုအနေနဲ့ မှတ်ကျောက်တင်ရတဲ့ သမိုင်းတခုဆိုတာ ကယန်းတမျိုးသားလုံး ခံစားရတာမရှိဘူးပေါ့နော်။ နောက်တခုက မြေပြင်မှာ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို စုစည်းချင်တဲ့ ရည်ရွယ်ချက် ဖြစ်တာပေါ့နော်။ ပြီးတော့ အစုအဖွဲ့ ဖွဲ့စည်းတာက အခုမှဆိုပေမဲ့ အရင်ကတည်းက တော်လှန်ရေးထဲမှာ ပါဝင်နေကြပြီးသားပါ"လို့ ပြောပါတယ်။

KNA ကို ဒီးမော့ဆိုက တပ်ရင်း ၁ ရင်း၊ မိုးဗြဲတပ်ရင်း ၁ ရင်း၊ ဖယ်ခုံတပ်ရင်း ၁ ရင်း၊ လွိုင်ကော်အနောက်ခြမ်းက တပ်ရင်း ၁ ရင်းနဲ့ ကယန်းဒေသအသီးသီးကစုစည်းဖွဲ့စည်းထားတဲ့ တပ်ရင်း ၄ ရင်းတို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

"ခေါင်းဆောင်တွေကတော့ တော်လှန်ရေးမှာ အစကတည်းက ပါဝင်နေတဲ့သူတွေမှန်တာပေါ့နော်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ချပြလို့မရသေးလို့ပါ။ ပြီးတော့ မိခင် EROs လို့ သတ်မှတ်ထားတဲ့ အစုအဖွဲ့တွေ ရှိတာပေါ့နော်။ ခုက ပိုပြီးအားကောင်းတဲ့ COC တခုအနေနဲ့ ဖြစ်လာအောင် လုပ်ဆောင်ရတဲ့ အနေအထားတခုပေါ့၊ တခြားအဖွဲ့အစည်းတွေ၊ PDF တွေလည်း အများကြီးရှိတာပေါ့နော်။ ခုက စုစည်းလို့ရတဲ့ အသင်းအဖွဲ့တွေကို စုစည်းပြီး အချိတ်အဆက်မိမိနဲ့ ဆက်လက်ကြိုးစားလုပ်ဆောင်သွားဖို့ကို ပြောကြားလိုပါတယ်။"

KNA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်ထောင်စုအစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေနဲ့ အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့  ဆိုပါတယ်။

KNAရဲ့ ရည်မှန်းချက်တွေကတော့ ကယန်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖော်ဆောင်ရေး၊ မူးယစ်ဆေးဝါး ကာကွယ်တားဆီးတိုက်ဖျက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ပြည်နယ်နဲ့ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့ ဖြစ်တယ်လို့ သိရပါတယ်။

KNA အဖြစ် အောက်တိုဘာ ၂၉ ရက်မှာ စတင်ဖွဲ့စည်းပေမဲ့ တော်လှန်ရေး အစကတည်းက စစ်ကောင်စီတပ်ကို တော်လှန်လာတဲ့ ခေါင်းဆောင်တွေအပြင် ထပ်မံ ပူးပေါင်းလာတဲ့ အစုအဖွဲ့တွေနဲ့  စစ်ကောင်စီတပ်ကို တော်လှန်သွားမယ်လို့ သိရပါတယ်။

Photo- KNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013