DVB Logo
Home
နိုင်ငံတကာ
ကမ်မလာဟားရစ်နှင့် ဒေါ်နယ်ထရမ့်ပ်တို့ အပိတ် မဲဆွယ်စည်းရုံးမှုအတွင်း အပြန်အလှန်ထိုးနှက်
DVB
·
October 29, 2024
ကမ်မလာဟားရစ်နှင့် ဒေါ်နယ်ထရမ့်ပ်တို့ အပိတ် မဲဆွယ်စည်းရုံးမှုအတွင်း အပြန်အလှန်ထိုးနှက်
Donate to DVB

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့အတွက် တစ်ပတ်သာ လိုတော့ချိန်မှာ ပြိုင်ဘက် ကမ်လာဟားရစ်နဲ့ ဒေါ်နယ်ထရမ့်ပ် တို့က အပြီးသတ် လူထုမဲဆွယ်စည်းရုံးမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ 

မစ်ရှီဂန်ပြည်နယ်၊ အာဘာမြို့မှာ ပြုလုပ်ခဲ့တဲ့ လူထုစုဝေးပွဲအတွင်း ဒီမိုကရက်ပါတီကိုယ်စားပြု ဟားရစ်က ထရမ့်ပ်ဟာ “အမုန်းတရားနဲ့ ခွဲခြားမှုတွေကို အားပေးအားမြှောက်လုပ်နေတယ်” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ 

ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း ထရမ့်ပ်ကတော့ သမ္မတကတော်ဟောင်း မီရှယ် အိုဘားမား အပါအဝင် သူ့အပေါ် ဝေဖန်သူတွေကို ရှုတ်ချပြောဆိုခဲ့ပါတယ်။ 

ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ရဲ့ ပါတီ စည်းရုံးရေးပွဲမှာ သူဟာ ဖက်ဆစ်ဝါဒီ မဟုတ်သလို နာဇီတယောက်ရဲ့ ဆန့်ကျင်ဘက်သာ ဖြစ်တယ်လို့ ထရမ့်ပ်အနေနဲ့ ပြောသွားပါတယ်။ 

နယူးယောက်မြို့ လူထုစည်းဝေးပွဲမှာလည်း ထရမ့်ပ်နဲ့ အပေါင်းအပါတွေဟာ လူမျိုးရေးခွဲခြားတဲ့ အမနာပ စကားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ထရမ့်ပ်အပေါ် ထောက်ခံတဲ့ ဟာသလူရွှင်တော် တိုနီ ဟင့်ချ် ကလစ်ဖ်ကတော့ ပွာတိုရီကိုနိုင်ငံကို “ရေမျောကမ်းတင်နေတဲ့ အမှိုက်သရိုက်ကျွန်း” ဆိုပြီး ပြက်လုံးထုတ်ခဲ့ပါသေးတယ်။ 

အဲဒီပြောဆိုချက်နဲ့ပတ်သက်ပြီး သမ္မတဟောင်းရဲ့ စည်းရုံးရေးအဖွဲ့ဟာ မှတ်ချက်ပေးတာမျိုး မရှိပေမယ့်လည်း ပွာတိုရီကိုရဲ့  ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်တော်ကြီးကတော့ ထရမ့်ပ်ကို ကိုယ်တိုင်ပြန်တောင်းပန်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ဒါ့အပြင် ဒီမိုကရက်တွေဟာ ထရမ့်ပ်ကို အာဏာရှင်ဖြစ်လာမယ့်သူလို့ ပုံဖော်လာကြသလိုမျိုး ရီပတ်ဘလီကန်ဘက်ကလည်း ဟားရစ်ဟာ “ခရစ်တော် မယုံကြည်သူ” အဖြစ် ဖော်ပြလာကြပါတယ်။ 

ထင်ရှားတဲ့ အာရပ်-အမေရိကန် ခေါင်းဆောင် အာဆတ်တာဖီ ကတော့ ထရမ့်ပ် အနိုင်ရခဲ့ရင် မွတ်စ်လင်နိုင်ငံတွေကို ခရီးသွားလာခွင့် ပြန်ပိတ်နိုင်တဲ့အကြောင်း သတိပေးထားပါတယ်။ 

နယူးယောက်ခ်တိုင်းမ်စ် သတင်းစာရဲ့ စစ်တမ်းအရ ဟားရစ် ဟာ ထရမ့်ပ် ထက် ၁ ရာခိုင်နှုန်းအောက် အသာနဲ့ ဦးဆောင်နေပေမဲ့လည်း ဒါဟာ ဩဂုတ်လနောက်ပိုင်းမှာ အနိမ့်ဆုံး ကွာဟမှု ဖြစ်လာခဲ့ပါတယ်။ 

ဒါကြောင့် လာမယ့် နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ ပြည်နယ် ၇ ခုမှာ ဘယ်ကိုယ်စားလှယ်လောင်းမှ သာလွန်နေတာမျိုးမရှိဘူး ဆိုပြီး ဖော်ပြထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013