DVB Logo
Home
မြန်မာသတင်း
ကမ္မမြို့မရဲစခန်းက ရဲဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
DVB
·
October 29, 2024
ကမ္မမြို့မရဲစခန်းက ရဲဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ကမ္မမြို့၊ မြို့မရဲစခန်းက ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့၀င်တယောက်ဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး အလင်း၀င်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) ဆီက သိရပါတယ်။

ကမ္မမြို့မရဲစခန်းက ဒုတပ်ကြပ် ချစ်နိုင်ဦး ကိုယ်ပိုင်နံပါတ် လ-၂၆၉၁၈၁ က သူ့ကို ထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေ ယူပြီး တပ်ပေါင်းစုဆီကိုပူးပေါင်းပြီး အလင်း၀င်လာခဲ့တာလို့ ကမ္မတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က ပြောပါတယ်။

ရဲဒုတပ်ကြပ်ချစ်နိုင်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ကြိုတင်ဆက်သွယ်ထားပြီး အောက်တိုဘာ ၂၂ ရက် ည ၉ နာရီမှာ သူတာ၀န်ကျတဲ့ ကမ္မမြို့မရဲစခန်းကနေ ထွက်ပြေးလာကာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုတို့အပြင် ကျည် ၉၃ တောင့်တို့နဲ့အတူ အလင်း၀င်ရောက်လာခဲ့တာလို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်ဖွဲ့၀င် ဒုတပ်ကြပ်ချစ်နိုင်ဦး ကို သတ်မှတ်ထားတဲ့ ဂုဏ်ပြု ဆုကြေးငွေ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေတခုကိုပို့ ဆောင်ပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကမ္မမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၀င်တွေဟာ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီ အလင်း၀င်တာတွေ မကြာခဏရှိနေပြီး ကမ္မမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက ၀န်းရံထားနိုင်တဲ့အခြေအနေ ရောက်နေပြီလို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013