DVB Logo
Home
နိုင်ငံတကာ
ဟူစတန်မြို့ ဟဲရစ်မဲဆွယ်ပွဲသို့ အဆိုတော် ဘီယွန်းဆေး တက်ရောက်
DVB
·
October 26, 2024
ဟူစတန်မြို့ ဟဲရစ်မဲဆွယ်ပွဲသို့ အဆိုတော် ဘီယွန်းဆေး တက်ရောက်
Donate to DVB

နာမည်ကျော် အဆိုတော် ဘီယွန်းဆေးဟာ တက္ကဆတ်ပြည်နယ်၊ ဟူစတန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟဲရစ်ရဲ့ မဲဆွယ်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ 

ဒီမိုကရက်တစ်သမ္မတလောင်းအတွက် အရေးပါတဲ့ မဲဆွယ်ပွဲမှာ ဘီယွန်းဆေးက သီချင်းမဆိုဘဲ နိုင်ငံရေး မဲဆွယ်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ကိုယ်ဝန်ဖျက်ချခွင့်ကို အဓိကဟောပြောတဲ့ မဲဆွယ်ပွဲကို လူပေါင်း ၃၀၀၀၀ တက်ရောက်ခဲ့ပြီး ဘီယွန်းဆေးက အမေ တယောက်အနေနဲ့ တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။ 

“ဖျော်ဖြေဖို့ ကျမ ဒီကို လာခဲ့တာမဟုတ်ပါဘူး။ နိုင်ငံရေးသမား တယောက်အနေနဲ့လည်း ဒီကို လာတာ မဟုတ်ပါဘူး။ အမေ တယောက်အနေနဲ့ လာခဲ့တာပါ။ သင်တို့ရဲ့ လွတ်လပ်မှုဟာ သင်တို့ရဲ့ လူ့အခွင့်အရေးဖြစ်ပြီး ဘုရာပေးတဲ့ အခွင့်အရေးပဲဖြစ်ပါတယ်” လို့ ဘီယွန်းဆေးက ပြောခဲ့ပါတယ်။ 

ဟဲရစ်ဟာ နွေရာသီကာလတလျှောက် စကားစစ်ထိုးပွဲ မဲပေးမှုတွေမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို အသာရခဲ့ပေမဲ့ နိုဝင်ဘာ ၅ ရက်နေ့ ယှဉ်ပြိုင်မှုမှာ အနိုင်ရဖို့ အရေးကြီးနေပါပြီ။  

တက္ကဆက်ပြည်နယ်ဟာ ၁၉၇၆ ခုနှစ်ကတည်းက ဒီမိုကရက်တစ်သမ္မတတွေကို ထောက်ခံခဲ့ခြင်း မရှိတာကြောင့် ဒီပြည်နယ်မှာ ထရမ့်အသာရဖို့ ရာခိုင်နှုန်းများနေပါတယ်။  

ပြည်နယ်တွေရဲ့ မဲပေးမှုက ရွေးကောက်ပွဲကို အဆုံးအဖြတ်ဖြစ်စေမှာဖြစ်တာကြောင့် အမျိုးသမီး တွေရဲ့ မဲပေးမှုရဖို့ အဓိက ကြိုး စားနေတာတွေ့ရပါတယ်။ 

ဩဂုတ်လက ရိုက်တာရဲ့ မဲကောက်ခံမှုမှာ ဟဲရစ်က ထရမ့်ကို ၁၃ ရာခိုင်နှုန်း အသာရခဲ့တဲ့အချိန် တုန်းက မဲပေးသူအများစုက အမျိုးသမီးတွေဖြစ်ပါတယ်။ 

အင်စတာဂရမ်မှာ ဖော်လိုဝါ ၃၁၄ သန်းရှိတဲ့  ဘီယွန်းဆေးဟာ အမေရိကန်နိုင်ငံမှာ ပုဂ္ဂိုလ်ရေးအရ ရော၊ ဖျော်ဖြေရေးမှာပါ စွမ်းဆောင်ရည်အပြည့်ရှိတဲ့အမျိုးသမီး တဦးဖြစ်တယ်လို့ ပေ့တက္ကသိုလ် ဆက်သွယ်ရေးပါမောက္ခ ဝီလျံက ထုတ်ဖော်ပြောဆိုထားပါတယ်။ 

ဒါပေမဲ့ ဘီယွန်းဆေးဟာ နိုင်ငံရေးအတွက် အကြံပေးသူသာဖြစ်ပြီး သမ္မတလောင်းတွေ သမ္မတ ဖြစ်အောင် အာမခံပေးမယ့်သူတော့ မဟုတ်ဘူးလို့ ဝီလျံက ဆိုပါတယ်။  

၂၀၀၉ ခုနှစ်တုန်းက ဘီယွန်းဆေးရဲ့ ခင်ပွန်းဖြစ်သူ ဂျေဇီကလည်း ဘားရတ် အိုဘားမားအတွက် မဲဆွယ်ပွဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ 

အဲဒီအချိန်တုန်းက ဘီယွန်းဆေးဟာ အိုဘားမား ကျန်းသစ္စာကျိန်ဆိုပွဲမှာ နိုင်ငံတော် သီချင်းသီဆို ခဲ့ဖူးပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013