DVB Logo
Home
နိုင်ငံတကာ
အလုပ်အခွင့်လမ်းများစေရန် ဘွဲ့လိုအပ်ချက်ကို ပယ်ဖျက်မည်ဟု ဟဲရစ် မဲဆွယ်
DVB
·
September 14, 2024
အလုပ်အခွင့်လမ်းများစေရန် ဘွဲ့လိုအပ်ချက်ကို ပယ်ဖျက်မည်ဟု ဟဲရစ် မဲဆွယ်
Donate to DVB

အမေရိကန်ဒုသမ္မတ ကမ်မလာဟဲရစ်က ပြည်နယ်အလုပ်တွေမှာ ကောလိပ်ဘွဲ့လိုအပ်ချက်ကို ပယ်ဖျက် ပေးမယ်လို့ သောကြာနေ့က မဲဆွယ်ပွဲမှာ ပြောခဲ့ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်း ဟဲရစ်ဟာ သမ္မတအဖြစ် ရွေးချယ်ခံရပါက ပြည်နယ်တွေမှာ ကောလိပ်ဘွဲ့ရမှ အလုပ်ရရှိမှုကို ပယ်ဖျက်ပေးမယ်ဆိုပြီး မဲ ဆွယ်ခဲ့တာဖြစ်ပါတယ်။

ရီပါ့ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က စီးပွားရေးဆိုင်ရာ ကတိပေးမှုတွေနဲ့ မဲဆွယ်နေတဲ့ အချိန် ဟဲရစ်က ပြည်နယ်အလုပ်ကောလိပ်ဘွဲ့လိုအပ်ချက်ကို ပယ်ဖျက်ပေးမယ်ဆိုပြီး မဲဆွဲခဲ့တာပါ။

 ဟဲရစ်ဟာ သမ္မတဖြစ်လာရင် လူလတ်တန်းစားတွေရဲ့ အခွန်နှုန်းထားတွေကို လျှော့ချ ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း အစောပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။ 

အဲဒီတုန်းက ထရမ့်က အချိန်ပိုလုပ်ခတွေကို အခွန်ကောက်မှုကို အဆုံးပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ 

“သမ္မတဖြစ်လာမယ်ဆိုရင် ပြည်နယ်အလုပ်တွေမှာ မလိုအပ်ဘဲ ၄ နှစ်သင်ကြားမှ ရမယ့် ဒီဂရီတွေနဲ့ ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးပြီး အလုပ်အကိုင်အခွင့်အ လမ်းပိုတိုးလာအောင်ပြုလုပ်ပေးမယ်” လို့ ဟဲရစ်က ပန်ဆယ်ဗ‌ေနီးယားမှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ပြောခဲ့ပါ တယ်။

အချက်အလက်တွေအရ အသက် ၂၅ နှစ်နဲ့ အထက်မေရိကန် ၆၂ ရာခိုင်နှုန်းဟာ ဘွဲ့မရဘူးလို့ သိရပါတယ်။ 

၂၀၂၀ က အချက်အလက်တွေအရ မဲပေးသူ ၅ ယောက်မှာ ၃ ယောက်က ဘွဲ့ရမဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။ 

ဟဲရစ်က ကောလိပ်ဘွဲ့ရ တဦးထက်ကျော်လွန်ပြီး အလုပ်သင်ကာလတွေနဲ့ နည်းပညာအစီအစဉ် တွေကို တန်ဖိုးထားသင့်တယ်လို့ ဆိုပါတယ်။ 

ဘွဲ့လက်မှတ်တခုက လူတယောက်ရဲ့ အရည်အသွေးကို ဖော်ပြဖို့ မလုံလောက်ဘူးလို့ မဲဆွယ်ပွဲမှာ ဟဲရစ်က ပြောခဲ့တာပါ။  

ဂယ်အပ်နဲ့လူမီနာဖောင်ဒေးရှင်းရဲ့ ဒီနှစ်အစောပိုင်းက တွေ့ရှိချက်အရ အမေရိကန်အများစုဟာ ကောလိပ်ရဲ့ တန်ဖိုးကို အယုံကြည်ကင်းမဲ့တယ်လို့ သိရပါတယ်။

အရွယ်ရောက်ပြီး အမေရိကန်တွေရဲ့ တဝက်ကျော်ဟာ ပညာသင်ဖို့ စာရင်းပေးတာမရှိသလို ကောလိပ်ပြန်တက်တာတွေက အရေးမကြီးဖူးလို့ ယုံကြည်နေကြပါတယ်။ 

သောကြာနေ့က ဒေါ်နယ်ထရမ့်ဟာ လပ်စ်ဗီးဂတ်မဲဆွယ်ပွဲမှာ အခွန်နှုန်းထားတွေကို သက်သာစေဖို့ နဲ့ အလုပ်သမားတွေအတွက် ပရိုဆန်တဲ့ ပေါ်လစီတွေချမှတ်ပေးမယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။

လူမှုဖူလုံရေးဝင်ငွေ၊ အချိန်ပိုနဲ့ မုန့်ဖိုးတွေအပေါ် ပြည်နယ်အခွန်တွေ ပေးနေရမှုကို ပယ်ဖျက် ပေးမယ်လို့ မဲဆွယ်ခဲ့တာတွေ့ရပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013