DVB Logo
Home
နိုင်ငံတကာ
စမွတ်စခွန်းတွင် လဝကဥပဒေနှင့် မညီသည့် ရွှေ့ပြောင်းလုပ်သား ၃၀ အရေးယူခံရ 
DVB
·
October 25, 2024
စမွတ်စခွန်းတွင် လဝကဥပဒေနှင့် မညီသည့် ရွှေ့ပြောင်းလုပ်သား ၃၀ အရေးယူခံရ 
Donate to DVB

ထိုင်းအလယ်ပိုင်း၊ စမွတ်စခွန်းမြို့မှာ အောက်တိုဘာ ၂၅ ရက်က ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက သတ်မှတ်ထားတဲ့  ဥပဒေနဲ့အညီ နေထိုင်ခြင်းမရှိတဲ့ ရွှေ့ပြောင်း လုပ်သားအယောက် ၃၀ အဆောင်မှူးတို့ပါ အရေးယူခံရတယ်လို့  ဂျိုးချိုထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ ရာဇဝတ်မှုနှိမ်နင်း‌ရေးအတွက် စမွတ်စခွန်းမြို့နယ် လဝကနဲ့  နယ်မြေခံရဲတွေဟာ ကွင်းဆင်းပြီး ရပ်ကွက်ထဲရှိ အဆောင်တွေ နေအိမ်တွေကို သွားရောက်စစ်ဆေးခဲ့တယ်။

စစ်ဆေးချက်အရ ခုတ်ခမ်ရပ်ကွက်တွင်းရှိ အဆောင်နဲ့ နေအိမ်အချို့ကနေ လဝက ဥပ‌ဒေပုဒ်မ ၃၇ ( ၂ )နဲ့ ၃၈ ချိုးဖောက်သူ ရွှေ့ပြောင်းအလုပ်သမား အယောက် ၃၀ နဲ့ အဆောင်ပိုင်ရှင်တို့ကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါပုဒ်မတွေမှာ နေရာလိပ်စာ အကြောင်းမကြားခြင်း၊ ဧည့်စာရင်းမတိုင်ခြင်းတွေနဲ့ ပတ်သက်တာဖြစ်ပါတယ်။

ဟိုတယ်၊ တည်းခိုခန်း၊ အဆောင်၊ အိမ်ရှင်တွေအနေနဲ့ မိမိထံလာရောက်နေ ထိုင်တည်းခိုနေသူတွေရဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ လဝကရုံးသို့ အမြဲတမ်းသတင်းပို့ ရမှာဖြစ်တယ်။ ဒါမှသာလျှင် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးပြီး လိုအပ်တဲ့ အကူအညီတွေလည်း ပေးလို့ရမှာဖြစ်ကြောင်း တာဝန်ရှိသူမှ သတင်းထောက်ကို ပြောသွား ပါတယ်။

စမွတ်စခွန်းမှာ မြန်မာနိုင်ငံကရွှေ့ပြောင်းလုပ်သား ၁၀၀,၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင် နေတယ်လို့  အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။ 

Source:  CaoCaoOnline News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013