DVB Logo
Home
မြန်မာသတင်း
မြိတ်-ပုလော ကားလမ်းပိတ်ထား၍ လူ ၁ ဦး ၁၂၀,၀၀၀ နှုန်းဖြင့် စပိဘုတ်ပြေးဆွဲ
DVB
·
October 23, 2024
မြိတ်-ပုလော ကားလမ်းပိတ်ထား၍ လူ ၁ ဦး ၁၂၀,၀၀၀ နှုန်းဖြင့် စပိဘုတ်ပြေးဆွဲ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုကားလမ်းမကြီးမှာ တိုက်ပွဲကြောင့် ခရီးသွားကားလမ်း ပိတ်လိုက်ပြီးနောက်မှာ မြိတ်ကနေ ပုလောဘက်ကို စပိဘုတ်နဲ့ ပြေးဆွဲနေတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

မြိတ်ကနေ ပုလော ရေလမ်းခရီးစဉ်ကို စပိဘုတ်ယာဉ်နဲ့ လူတဦးကို ကျပ် ၁၂ဝ,ဝဝဝ နှုန်းနဲ့ အောက်တိုဘာ ၁၈ ရက်က စတင်ကာ နေ့စဉ်ပြေးဆွဲနေတာလို့ ပြောပါတယ်။

မြိတ်-ပုလော ကားလမ်းပိတ်ပြီးနောက်ပိုင်းမှာ ရေလမ်းကတဆင့် ကုန်ပစ္စည်း ပို့ဆောင်ပေးရာကနေ ခရီးသွားတွေရဲ့ တောင်းဆိုမှုကြောင့် အခုလို စပိဘုတ်ယာဉ်နဲ့ ခရီးသည်တွေကို ပြေးဆွဲပေးတာလို့ ပြောပါတယ်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတ‌ယောက်က “ပြောရရင် ပထမ အရေးကြီးကုန်တွေ သယ်ယူချင်လို့ ငှားကြတာပါ။ နောက်တော့ ခရီးသည်တွေလည်း ၃ ရက်၊ ၄ ရက်လောက် ကြာလာတော့ ဈေးကြီးလည်း ကြီးပါတော့ဆိုပြီး တောင်းဆိုရာကနေ ဈေးတခုသတ်မှတ်ပြီး ပို့ဆောင်ပေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုလို ခရီးစဉ်ပြေးဆွဲရာမှာ တချို့ စပိဘုတ်ယာဉ်တွေက တနေ့မှာ တခေါက်ပဲ ပြေးဆွဲနေတာလည်း ရှိသလို တနေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ပြေးဆွဲနေတဲ့ စပိဘုတ်ယာဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ပုလောမြို့နယ်၊ ကျောက္ကာရွာမှာ အောက်တိုဘာ ၂၀ ရက် ည ၉ နာရီလောက်က စက်လှေတိမ်းမှောက်ပြီးနောက် ရေလမ်းခရီးကနေ သွားလာမရဲကြတဲ့ ခရီးသည်တွေ ရှိလာပြီး ရာသီဥတုအပေါ် မူတည်ကာ ခရီးသွားလာတာတွေ များလာတယ်လို့ သူက ဆက်ပြောပါတယ်။

“စပိဘုတ်တွေ ကျပ်လာပါတယ်။ လှေမြုပ်သတင်း နောက်ဆက်တွဲက ခရီးသည်တွေ အမေးများလာကြတာက ဘယ်နှယောက်စီးလဲ၊ ရာသီဥတုကောင်းလား၊ အဲလိုတွေ မေးမြန်းတာ များလာပါတယ်။ ခရီးသည်က လျော့မသွားပါဘူး။”

မြိတ်-ပုလော ကားလမ်းပိုင်းမှာ အခုနှစ် အောက်တိုဘာ ၁၄ ရက်ကစပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ခရီးသည်ကား၊ ကုန်ကားတွေ အများအပြား ပိတ်မိခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013