DVB Logo
Home
အားကစား
အင်္ဂလန်အသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ပါက နည်းပြတူဟယ် ပေါင် ၃ သန်း ဆုကြေးရမည်
DVB
·
October 22, 2024
အင်္ဂလန်အသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ပါက နည်းပြတူဟယ် ပေါင် ၃ သန်း ဆုကြေးရမည်
Donate to DVB

အင်္ဂလန်နည်းပြသစ် တူဟယ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ဆုကြေးပေါင် ၃ သန်းရရှိမယ်လို့ သိရပါတယ်။

ဒီပမာဏဟာ နည်းပြဟောင်း ဆောက်ဂိတ်လက်လက်က ကမ္ဘာ့ဖလားရမယ်ဆိုရင် ရရှိမယ့် ဆုကြေးထက်ပိုများကြောင်း The Su သတင်းစာက ဖော်ပြပါတယ်။

ဂျာမန်နည်းပြဟာ အင်္ဂလန်အသင်းနဲ့ ၁၈ လစာချုပ်သက်တမ်း ချုပ်ဆိုခဲ့ပြီး အဲဒီကာလအတွင်း အနည်းဆုံး ပေါင် ၇ သန်းခွဲ လုပ်ခရရှိမယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလား အပါအဝင် အဓိကဆုဖလားတွေနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၆၀ နီးပါးကြာမြင့်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013