DVB Logo
Home
အားကစား
အာဆင်နယ်တွင် အရပ်ရှည်သူ များသည့် အားသာချက်ကို အသုံးချရန် ကွင်းလယ်လူ မယ်ရီနို တိုက်တွန်း
DVB
·
October 22, 2024
အာဆင်နယ်တွင် အရပ်ရှည်သူ များသည့် အားသာချက်ကို အသုံးချရန် ကွင်းလယ်လူ မယ်ရီနို တိုက်တွန်း
Donate to DVB

အာဆင်နယ်အသင်းမှာ အရပ်ရှည်တဲ့ ကစားသမားတွေ များလာတာကို အားသာချက်အဖြစ် အသုံးချဖို့ ကွင်းလယ်ကစားသမားသစ် မီခေးလ်မယ်ရီနိုက တိုက်တွန်းပြောသွားပါတယ်။

ခေတ်သစ်ဘောလုံးလောကမှာ နည်းစနစ်၊ နည်းဗျူဟာနဲ့ စည်းလုံးညီညွတ်မှုတွေက အရေးပါသလို ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေကလည်း နိုင်ပွဲရဖို့ ကူညီပေးနိုင်ကြောင်း မယ်ရီနိုက ပြောပါတယ်။

အာဆင်နယ်မှာ မယ်ရီနိုကိုယ်တိုင်က အရပ် ၆ ပေ ၂ လက်မရှိပြီး ကိုင်ဟာဗက်ဇ်၊ ဆာလီဘာ၊ ဂါဘရီယယ်၊ တိုမီယာဆု၊ ကီဝီယောတို့အပြင် ဘန်ဝှိုက်၊ ပါတေး၊ ရိုက်စ်နဲ့ ကလာဖီအိုရီတို့ဟာလည်း အရပ် ၆ ပေ ၂ လက်မကနေ ၆ ပေ ၄ လက်မအထိ အရပ်ရှည်ကြတာပါ။

ဆိုစီဒက်မှာတုန်းက သူ့ထက်အရပ်ရှည်သူတွေ သိပ်မရှိပေမဲ့ အာဆင်နယ်မှာတော့ ဘတ်စကတ်ဘောအသင်းတသင်းလို  အလားသဏ္ဌာန်တူနေကြောင်း မယ်ရီနိုက ပြောသွားပါတယ်။

အာဆင်နယ်ဟာ တည်ကန်ဘောတွေကနေ ဂိုးအဖြစ် အများဆုံး အသုံးချနိုင်တဲ့  အသင်းအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013