DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် ကုလသမဂ္ဂ ဦးဆောင်ပြီး ပိုလီယိုကာကွယ်ဆေး ဒုတိယအကျော့ တိုက်ကျွေး
DVB
·
October 21, 2024
ဂါဇာတွင် ကုလသမဂ္ဂ ဦးဆောင်ပြီး ပိုလီယိုကာကွယ်ဆေး ဒုတိယအကျော့ တိုက်ကျွေး
Donate to DVB

ဂါဇာတောင်ပိုင်းမှာ ကုလသမဂ္ဂ ဦးဆောင်တဲ့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှု ဒုတိယအကျော့ကို အောက်တိုဘာ ၁၉ ရက်က စတင်ခဲ့ပြီး တရက်တည်းမှာ အသက် ၁၀ နှစ်အောက် ကလေး အယောက် ၁၄၀,၀၀၀ ကျော်ကို ကာကွယ်ဆေး တိုက်ကျွေးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။

ပဏာမစာရင်းဇယားတွေအရ ဂါဇာတောင်ပိုင်းမှာ အသက် ၁၀ နှစ်အောက် ကလေးစုစုပေါင်း ၁၄၅,၂၀၂ ယောက် ဒုတိယအကျော့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပြီးစီးခဲ့ပြီး အသက် ၂ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ် ၁၁၉,၀၅၅ တို့ အဲဒီနေ့မှာပဲ ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့ ဗီတာမင်အေကိုလည်း သောက်သုံးခဲ့ကြပါတယ်။

ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတာကို ချောချောမောမော ပြီးမြောက်စေရေး ဂါဇာတောင်ပိုင်းမှာ လူသားချင်း စာနာထောက်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ထားဖို့ WHO က သက်ဆိုင်သူအားလုံးကို တောင်းဆိုထားပါတယ်။

ဂါဇာတောင်ပိုင်းမှာ ဒုတိယအကြိမ် ကာကွယ်ဆေးတိုက်ကျွေးမှုဟာ ကလေး ၂၉၃,၀၀၀ ကျော်အတွက် ရည်ရွယ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဆိုပါတယ်။

ဂါဇာကမ်းမြောင် တောင်ပိုင်းမှာ ကာကွယ်ဆေးမကျွေးမီ ဂါဇာအလယ်ပိုင်းမှာ ကလေးငယ်ပေါင်း ၁၈၁,၀၀၀ ကျော်ကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတာ ဒုတိယအကျော့ ပြီးစီးခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်ကနေ ၁၂ ရက်အထိ ကျင်းပတဲ့ ပထမအကြိမ်မှာ အရည်အချင်းပြည့်မီတဲ့ ကလေး ၉၅ ရာခိုင်နှုန်းကို ကာကွယ်ဆေး တိုက်ကျွေးခဲ့တာပါ။

ပိုလီယိုဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်ဖို့ အနည်းဆုံး ကလေး ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ၂ ကြိမ် တိုက်ကျွေးဖို့လိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013