DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်းဦးရေ ၄၂,၆၀၃ ဦး ရှိလာ
DVB
·
October 21, 2024
အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်းဦးရေ ၄၂,၆၀၃ ဦး ရှိလာ
Donate to DVB

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက တိုက်ခိုက်လို့ သေဆုံးတဲ့ ပါလက်စတိုင်းဦးရေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကစပြီး ၂၀၂၄ အောက်တိုဘာ ၂၁ ရက်အထိ ၄၂,၆၀၃ ​​ယောက် ရှိလာပြီလို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် လူ ၈၄  ‌ေယာက် သေဆုံးပြီး ၁၅၈ ‌ေယ‌ာက် ဒဏ်ရာရရှိခဲ့တာပါ။ ဒါကြောင့် စုစုပေါင်း ဒဏ်ရာရသူဦးရေ ၁၀၀,၀၀၀ နီးပါးရှိပြီလို့ ဂါဇာကျန်းမာရေး တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ဘိတ်ထ် လဟီယာ ဒေသတွင်း လူနေရပ်ကွက်တွေ ထိခိုက်ပျက်စီးခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဂါဇာအစိုးရမီဒီယာရုံးက အောက်တိုဘာ ၁၉ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးက ဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့မှာလည်း အပြည့်အဝ တာဝန်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဘိတ်ထ် လဟီယာ မြို့ကို အစ္စရေး ဗုံးကြဲမှုကြောင့် လူ ၈၇ ယောက် အသေအပျောက်ရှိခဲ့ပြီး အယောက် ၄၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013