DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်ခေါင်းဆောင် ယာယျာဆင်ဝါကို သတ်ဖြတ်ခဲ့ကြောင်း အစ္စရေး အတည်ပြု
DVB
·
October 18, 2024
ဟားမတ်စ်ခေါင်းဆောင် ယာယျာဆင်ဝါကို သတ်ဖြတ်ခဲ့ကြောင်း အစ္စရေး အတည်ပြု
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်ရဲ့ ထိပ်တန်းခေါင်းဆောင် ယာယျာဆင်ဝါကို အစ္စရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၁၆ ရက်မှာ သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အောက်တိုဘာ ၁၇ ရက်မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ်ဇ်ရေးလ် ကတ်ဇ်၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နဲ့ အစ္စရေး လုံခြုံရေးအေဂျင်စီ (ISA) တို့ကလည်း ဆင်ဝါ သေဆုံးမှုကို ကြာသပတေးနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။

IDF နဲ့ ISA တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဂါဇာကမ်းမြောင် တောင်ပိုင်းက စစ်ဆင်ရေးတခုမှာ ဆင်ဝါကို IDF စစ်သားတွေက သတ်ဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီစစ်ဆင်ရေးဟာ မနှစ်တုန်းက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို တိုက်ခိုက်မှုကို ပုံဖော်လုပ်ဆောင်ခဲ့တဲ့ ယာယျာဆင်ဝါကို မတော်တဆ ဖမ်းမိသွားတဲ့ လုပ်ရိုးလုပ်စဉ် စစ်ဆင်ရေးဖြစ်ကြောင်း အစ္စရေးမီဒီယာက ဖော်ပြခဲ့ပါတယ်။

အဆောက်အအုံအတွင်းမှာ အစ္စရေးဓားစာခံတွေ ရှိနေတဲ့ အရိပ်အယောင် မတွေ့ရကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်ကတော့ ဆင်ဝါ သေဆုံးမှုကို အတည်မပြုထားပါဘူး။ ဟားမတ်စ်က တရားဝင် မှတ်ချက်ပေးခြင်း မရှိသေးပေမဲ့ ဂါဇာတောင်ပိုင်းရှိ တာလ်အယ်လ် ဆူလ်တန်နယ်မြေမှာ အစ္စရေးစစ်ဆင်ရေးအတွင်း ဆင်ဝါ အသတ်ခံခဲ့ရကြောင်း ညွှန်ပြနေတဲ့ အရိပ်အယောင်တွေ ရှိကြောင်း ဟားမတ်စ်အဖွဲ့မှ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကြာသပတေးနေ့ ညပိုင်းမှာ အစ္စရေးရဲတပ်ဖွဲ့က ဆင်ဝါရဲ့ အလောင်းကို အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ မှုခင်းဆေးပညာဌာနကို ပို့ဆောင်ခဲ့ပြီး ဆင်ဝါရဲ့ သွားတွေ၊ ခန္ဓာကိုယ် နမူနာတွေကို ပေးပို့ပြီးတာနဲ့ တပြိုင်နက် ရဲတပ်ဖွဲ့ သွားဆရာဝန်တွေ၊ အစ္စရေးရဲ့ မှုခင်းဆေးပညာသိပ္ပံက နမူနာတွေကို အစ္စရေးအကျဉ်းထောင်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များစွာကို ဖြတ်သန်းခဲ့ရတဲ့ ဆင်ဝါရဲ့ ဒေတာဘေ့စ်ထဲမှ အချက်အလက်တွေနဲ့ နှိုင်းယှဉ်နိုင်ခဲ့ကြောင်း ဗီဒီယိုထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ယာယျာဆင်ဝါ သေဆုံးသွားကြောင်းကို အစ္စရေးစစ်တပ်က X ပို့စ်မှာ အတည်ပြုခဲ့ပါတယ်။ ယာယျာ ဆင်ဝါ သေဆုံးမှုဟာ အစ္စရေးအတွက် ကြီးမားတဲ့ အောင်မြင်မှုတခုဖြစ်ပြီး တနှစ်တာကြာ ပဋိပက္ခမှာ အဓိကကျတဲ့ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။

အစ္စရေးဟာ လက်ဘနွန်နယ်စပ်အနီးရှိ သူ့နိုင်ငံသားတွေကို နေအိမ်တွေဆီ ဘေးကင်းလုံခြုံစွာ ပြန်မရောက်သေးမချင်း ဟစ်ဇဘိုလာအဖွဲ့ကို တိုက်ခိုက်နေတာ ရပ်တန့်သွားမှာ မဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု မှန်သမျှဟာ တိုက်ပွဲအခြေအနေအောက်မှာပဲ ရှိလိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။ 

“ဟစ်ဇ်ဘိုလာဟာ အကြီးအကျယ် ဒုက္ခရောက်နေပြီး အမိန့်ပေးမယ့်သူလည်း တယောက်မှ မရှိ၊ အမိန့်ပေးသူ ရှိရင်တောင် လိုက်နာလုပ်ဆောင်မယ့်သူ မရှိဘူး” လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုတခုထဲမှာ ကာကွယ်ရေးဝန်ကြီး ဂါလန့်ထ်က နယ်စပ်ရှိ တပ်မဟာမှူးတွေကို ပြောကြားခဲ့တာပါ။

“ဒုတိယအနေနဲ့ အရမ်းအရေးကြီးတဲ့ကိစ္စကတော့ မြေပြင်စစ်ဆင်ရေးကို လုံးဝ တရားမျှတစေမယ့် လက်နက်ပမာဏကို ရှာဖွေနေကြတာဖြစ်ပြီး ရာနဲ့ထောင်နဲ့ချီတဲ့ ကောနက် ဒုံးကျည်တွေကလည်း ဇုန်တခုလုံးကိုဖြတ်ပြီး ဒီနေရာကနေပဲ ထွက်လာကြတာ။”

အစ္စရေးဟာ လတ်တလော သီတင်းပတ်တွေအတွင်း ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး တောင်ပိုင်းနယ်စပ်မြို့တွေဆီ တွန်းပို့ခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ အစ္စရေးလူမျိုးတွေကို အစ္စရေးနိုင်ငံရဲ့ မြောက်ဘက်ဆီ နေရပ်ပြန်နိုင်အောင် ဟစ်ဇ်ဘိုလာရဲ့ အခြေခံအဆောက်အဦတွေကို တစစီ ဖြိုဖျက်ပစ်ချင်တယ်လို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူဆရတဲ့ ဝေဟင်မှ ဗီဒီယိုဖိုင်ကို အောက်တိုဘာ ၁၆ ရက်မှာ ပြသထားပါတယ်။

အစ္စရေးနဲ့ နယ်စပ်အနီးရှိ ဘာသာရေးဝတ်ပြုရာနေရာဖြစ်တဲ့ မဟိုက်ဘီမြို့လေးရဲ့ အချက်အချာနေရာမှာ ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်း ရဒ်ဝမ်တပ်ဖွဲ့တွေ အသုံးပြုတဲ့ ဥမင်လိုဏ်ခေါင်းကို ဖြိုဖျက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆောက်အအုံတွေ အစုလိုက် အပြုံလိုက် တုန်ခါသွားအောင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့တာကို ပြသထားတဲ့ ဗီဒီယိုကိုလည်း လွှင့်တင်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013