DVB Logo
Home
နိုင်ငံတကာ
လေကြောင်းဘေးကင်းလုံခြုံရေးအချက်အလက်များမျှဝေရန် အာဆီယံ ၅ နိုင်ငံသဘောတူ
DVB
·
October 18, 2024
လေကြောင်းဘေးကင်းလုံခြုံရေးအချက်အလက်များမျှဝေရန် အာဆီယံ ၅ နိုင်ငံသဘောတူ
Donate to DVB

ထိုင်းအပါအဝင် အာဆီယံဒေသတွင်း ၅ နိုင်ငံဟာ လေကြောင်းခရီးသွားလာမှု ပိုမိုဘေးကင်းစေဖို့  လေကြောင်းဒေတာအချက်အလက်တွေ မျှဝေဖို့ သဘောတူညီခဲ့ကြတဲ့အကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဆိုပါ နိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်ပြီး ဒီအစီအစဉ်ကို အခုနှစ်ကုန်ပိုင်းမှာ စတင်ဖို့ အောက်တိုဘာ ၁၆ ရက်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့  အရပ်ဘက်လေကြောင်း အာဏာပိုင် တွေ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေသတွင်း ခရီးသွားလုပ်ငန်းတွေကို ထိခိုက်စေခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကနေ ပြန်လည် ကောင်းမွန်လာချိန်မှာ ဒီသဘောတူညီချက်ထွက်ပေါ်လာတာဖြစ်ပြီး ပဏာမ ခြေလှမ်းအဖြစ် ပြီးခဲ့တဲ့ နှစ်တုန်းက စတင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ နိုင်ငံတွေအနေနဲ့ မျှဝေရမယ့် ဒေတာ လျှို့ဝှက်ချက်တွေကို ထိန်းချုပ်မယ့် ပရိုတိုကောတွေရေးဆွဲဖို့ အချိန်ယူရမှာကြောင့် ရွှေ့ဆိုင်းခဲ့ ရတယ်လို့ ဆိုပါတယ်။

"အာရှ-ပစိဖိတ်ဒေသမှာ ပထမဆုံးသော ပဏာမခြေလှမ်းတရပ်အနေနဲ့ ငါးနိုင်ငံ လုံခြုံရေး အန္တရာယ်တွေနဲ့ လမ်းကြောင်းတွေကို ခွဲခြားသိရှိနိုင်ဖို့ သတ်မှတ်ထားတဲ့ ဘေးကင်း လုံခြုံရေး အချက်အလက်တွေ၊ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို ပူးပေါင်းမျှဝေမှာဖြစ်ပြီး ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး အစီအမံတွေကို အကောင်အထည် ဖော်ဆောင်ရွက် သွားမယ်" လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီသဘောတူညီချက်အရ နိုင်ငံတွေအနေနဲ့ ယာဉ်တိုက်မှုသတိပေးချက်တွေ၊ လေကြောင်း ထိန်းချုပ်သူတွေ သတ်မှတ်ထားတဲ့ အမြင့်ပေမှသွေဖည်မှုနဲ့ မြေပြင်သတိပေးစနစ်တွေ အပါအဝင် မျှဝေသွားမယ့် ကနဦးအမျိုးအစား ၇ ခုကို သတ်မှတ်ထားကာ လေထန်တာ၊ လေကာမှန်၊ ငှက်တိုက်ခိုက်မှုနဲ့ အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်းသယ်ဆောင်ခြင်းဆိုင်ရာ အစီရင်ခံစာတွေကိုလည်း မျှဝေပေးကြမယ်လို့ ဆိုပါတယ်။

ထိုင်းမြို့ပြလေကြောင်း အာဏာပိုင်က ဒေတာအချက်အလက် "စောင့်ထိန်းသူ" အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး စင်ကာပူနိုင်ငံကတော့ "ဒေတာ ဆန်းစစ်သူ" အဖြစ် ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source: AFP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013