DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး ၁ ဦးအား ကြိုးတုပ်ရိုက်ခဲ့သည့် အုပ်ချုပ်ရေးမှူးအပါအဝင် ၈ ဦးကို အမှုဖွင့်
DVB
·
October 16, 2024
အမျိုးသမီး ၁ ဦးအား ကြိုးတုပ်ရိုက်ခဲ့သည့် အုပ်ချုပ်ရေးမှူးအပါအဝင် ၈ ဦးကို အမှုဖွင့်
Donate to DVB

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အမျိုးသမီးတယောက်ကို သူခိုးလို့စွပ်စွဲပြီး ရိုက်နှက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ၈ ယောက်ကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တောင်ဒဂုံမြို့နယ်၊ ၆၆ ရပ်ကွက်၊ အင်းဝအိမ်ရာမှာနေတဲ့ အမျိုးသမီးတယောက်ကို အောက်တိုဘာ ၉ ရက်က ၆၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ခေါ်ကာ သူခိုးလို့စွပ်စွဲပြီး ၅ ရက်တိုင် ကြိုးနဲ့တုပ်ကာ ရိုက်နှက်ခဲ့တာလို့ ဖြစ်စဥ်ကို သိသူတယောက်က DVB ကို ပြောပါတယ်။

“ဒဂုံဆိပ်ကမ်းက ဘုန်းကြီးတပါးက သူ့ကျောင်းကပစ္စည်း ခိုးတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ကြိုးတုပ်ရိုက်တာ။ ဘုန်းကြီးကျောင်းမှာ ၃ ရက်၊ ရုံးမှာ ၂ ရက် ရေပိုက်ကြိုးတွေနဲ့ ရိုက်တာ။”

စွပ်စွဲခံရတဲ့ အမျိုးသမီးကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရာဇဂြိုဟ်ပရိယတ္တိ စာသင်တိုက်မှာ ၂ ရက်၊ ၆၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ၃ ရက်၊ ကြိုးတုပ်ရိုက်ခဲ့တဲ့အတွက် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“ဘုန်းကြီးက တပ်ကကိုးကွယ်တဲ့ ဘုန်းကြီးဆိုတော့ ဘုန်းကြီးခိုင်းသမျှ အုပ်ချုပ်ရေးမှူးက လုပ်တာ၊ ၁၄ ရက်နေ့ညကမှ အဲ့အမျိုးသမီးက ရဲစခန်းမှာ အမှုလာဖွင့်တာ၊ အားလုံး ၈ ယောက်။”

ရိုက်နှက်ခံရတဲ့ အမျိုးသမီးမှာ ဒဂုံဆိပ်ကမ်းမြို့နယ် ရာဇဂြိုဟ်ပရိယတ္တိ စာသင်တိုက်မှာ ဆွမ်း၊ ဆေး၊ ပစ္စည်း လှူဒါန်းနေတဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။

လတ်တလောမှာ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းက ၆၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ အဖွဲ့ဝင် ဦးသာထွန်းလှ၊ ဆရာတော် ဦးသူရဓမ္မ အပါအဝင် ၈ ဦးကို (ပ) ၄၈၃၊ ၂၀၂၄ ပုဒ်မ ၂၉၄၊ ၃၄၃၊ ၃၂၃၊ ၅၀၆/၁၀၄ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013