DVB Logo
Home
မြန်မာသတင်း
တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိမှု တန်ဖိုး ခန့်မှန်းငွေ ကျပ် ၉၉ ဘီလီယံခွဲကျော်ရှိ 
DVB
·
October 16, 2024
တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိမှု တန်ဖိုး ခန့်မှန်းငွေ ကျပ် ၉၉ ဘီလီယံခွဲကျော်ရှိ 
Donate to DVB

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်အထိ ၈ လအတွင်း တရားမဝင်ကုန်သွယ်မှုကနေ ဖမ်းဆီးရမိမှု ၄,၂၆၄ မှုရှိပြီး တန်ဖိုးအားဖြင့် ခန့်မှန်းငွေ ကျပ် ၉၉ ဒသမ ၆၀၆ ဘီလီယံ ရှိတယ်လို့ စစ်ကောင်စီရဲ့ အချက်အလက်တွေကိုးကားပြီး DVB ရဲ့ လေ့လာမှုအရ သိရပါတယ်။ 

အဆိုပါကာလအတွင်း ဖမ်းဆီးရမိမှုဖြစ်စဉ်တွေရဲ့ ထက်ဝက်ကျော်ဟာ အကောက်ခွန်ဦးစီးဌာနက အဓိက ဖမ်းဆီးရမိတာဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၇၈ ဘီလီယံကျော်ရှိပါတယ်။ 

လက်ရှိ အကောက်ခွန်ဦးစီးဌာနအနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း၊ အထူးကင်း၊ ရန်ကုန်စာတိုက်နဲ့ အကောက်ခွန်နယ်မြေဒေသအတွင်းမှာ ကုန်စည်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အဓိက လုပ်ဆောင်နေရာ ဖမ်းဆီးရရှိမှုတွေကလည်း နှစ်စဉ် မြင့်တက်လာတာကို တွေ့ရပါတယ်။

ပမာဏအားဖြင့် ၂၀၂၁ ခုနှစ်မှာ ကျပ်  ၈ ဘီလီယံဝန်းကျင်သာ ဖမ်းဆီးရမိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ကျပ် ၆၅ ဘီလီယံနဲ့ ၂၀၂၃ ခုနှစ်မှာ ကျပ် ၁၃၅ ဘီလီယံအထိ ဖမ်းဆီးရမိမှု တိုးလာတာကြောင့် အဆအနေနဲ့ ၁၆ ဆတိုးလာတာကို တွေ့ရပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ အခွန်ဝင်ငွေရရှိမှု ကျဆင်းခြင်းနဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းတွေ သက်ဆိုးရှည်စေတာတွေကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်ဖို့လိုတယ်လို့ စစ်ကောင်စီက ဆိုပေမဲ့ တရားမဝင်ကုန်သွယ်မှုတွေမှာ စစ်ကောင်စီ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေနဲ့ ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။

နယ်စပ်ဒေသတချို့နေရာတွေမှာ လုံခြုံရေးအရ စောင့်ကြည့်နိုင်ဖို့ ကန့်သတ်ချက်တွေ ရှိတာ၊ တချို့ဥပဒေတွေမှာ အားနည်းချက်တွေ ရှိနေတာ၊ ဝန်ထမ်းအင်အားမလောက်တာနဲ့ ဝန်ထမ်းတွေ အကျင့်ပျက်ခြစားတာတွေကြောင့် လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေ ကြုံနေရကြောင်းလည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဆိုပါကော်မတီအစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013