DVB Logo
Home
ကျန်းမာရေး
တနှစ်အတွင်း ကျန်းမာရေးဝန်ဆောင်မှု တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ၄၀၀ ကျော်ရှိ  (Data Story)
DVB
·
October 15, 2024
တနှစ်အတွင်း ကျန်းမာရေးဝန်ဆောင်မှု တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ၄၀၀ ကျော်ရှိ  (Data Story)
Donate to DVB

မြန်မာနိုင်ငံ ပဋိပက္ခအတွင်းမှာ ၂၀၂၃ ခုနှစ်က ကျန်းမာရေးဝန်ဆောင်မှုကို တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၄၁၈ ခု ရှိခဲ့ပြီး ဆေးရုံဆေးခန်းတွေအပါအဝင် ကျန်းမာရေးဌာန ၁၃၃ ခု ပျက်စီးခဲ့တယ်လို့  Safeguarding Health in Conflict အဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဆေးရုံ/ဆေးခန်းတွေ ထိခိုက်ပျက်စီးမှုပမာဏဟာ ၂၀၂၂ ခုနှစ်ကနဲ့ ယှဉ်ရင် ၃ ဆ ကျော်မြင့်လာပြီး တိုက်ခိုက်မှုတွေရဲ့ ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့က ဖြစ်ပါတယ်။

ကျန်းမာရေးလုပ်သားတွေ ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်ကလည်း ၄ ဆအထိ မြင့်လာပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ကျန်းမာရေးဝန်ထမ်း ၁၀၂ ယောက်ဖမ်းဆီးခံခဲ့ရကာ ၃၇ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မြန်မာစစ်တပ်အပါအဝင် စစ်တပ်နဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေက ဆေးရုံ/ဆေးခန်းတွေမှာ ဝင်ရောက်တပ်စွဲမှုဖြစ်စဉ် ၅၃ ခု ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃ ဆကျော် မြင့်တက်လာပါတယ်။

ဆေးရုံ/ဆေးခန်းတွေမှာ တပ်စွဲတာတွေဟာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး စစ်တပ်က တပ်စွဲတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းသူမဲ့ဒရုန်းတွေနဲ့ ဗုံးကြဲမှုတွေ ပိုမိုပြုလုပ်လာကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုကို တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အနေနဲ့ ၂၀၂၂ ခုနှစ်မှာ ၁၅ ကြိမ်ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၃၃ ကြိမ်အထိ အရေအတွက်အားဖြင့် ၂ ဆ မြင့်တက်လာပါတယ်။

အဆိုပါဖြစ်စဉ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးစတင်အပြီးမှာ ပိုမိုများပြားလာပြီး ဖြစ်စဉ် ဖြစ်ပွားရာနေရာတွေဟာ ရှမ်းပြည်တောင်ပိုင်းကနေ မြောက်ပိုင်းသို့ ရွေ့လျားဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်အများစုဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ မြန်မာစစ်တပ်က ညီနောင် ၃ ဖွဲ့ရဲ့ စစ်ဆင်မှုကို ရပ်တန့်နိုင်ဖို့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်းက ပဋိပက္ခဖြစ်ပွားရာ မြို့နယ်တွေမှာ ငှက်ဖျားအတည်ပြုလူနာဦးရေဟာ ၁,၀၀၀ ရာခိုင်နှုန်းတိုးလာပြီး ငှက်ဖျားရောဂါ ကုသဆေးတွေ ပိုမိုလိုအပ်လာတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးတွေဟာလည်း စစ်တပ်ထိန်းချုပ်ရာဒေသတွေမှာသာ ဖြန့်ဝေနိုင်တာကို တွေ့ရပြီး ကျန်းမာရေးဝန်ဆောင်မှု မရနိုင်တဲ့ ဒေသတွေက ကလေးငယ်တွေဟာ တိုးချဲ့ကာကွယ်ဆေးထိုးဖို့ လက်လှမ်းမမီနိုင်ကြကြောင်း ဖော်ပြထားပါတယ်။

ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံခြင်း ရပ်တန့်သွားတာကြောင့် ရောဂါတွေ ခေါင်းထောင်လာပါက မြန်မာပြည် ပြင်ပနိုင်ငံတွေကိုပါ သက်ရောက်မှုရှိလာနိုင်ကြောင်းလည်း အစီရင်ခံစာမှာ အသိပေးထားပါတယ်။

 Source: Safeguarding Health in Conflict

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013