DVB Logo
Home
နိုင်ငံတကာ
လူမည်းနှင့် လက်တီနိုမဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ရေး သမ္မတလောင်းဟားရစ် ရုန်းကန်နေရ
DVB
·
October 15, 2024
လူမည်းနှင့် လက်တီနိုမဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ရေး သမ္မတလောင်းဟားရစ် ရုန်းကန်နေရ
Donate to DVB

ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်ဟာ ပါတီအမာခံအင်အားစုဖြစ်တဲ့ လူမည်းတွေနဲ့ လက်တီနို လို့ခေါ်တဲ့ လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ရုန်းကန်နေရတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ဒီအုပ်စုကြီးနှစ်စုက ဟားရစ်အပေါ် ထောက်ခံမှုဟာ သိသိသာသာ များပြားပေမဲ့ အရင် ဒီမိုကရက် သမ္မတလောင်းတွေ ရခဲ့တဲ့ တခဲနက်အားပေးမှုမျိုး မရတာဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ လိုတော့ချိန်မှာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ဟာ လူမည်းနဲ့ လက်တီနိုမဲဆန္ဒရှင်တချို့ကို ဆွဲဆောင်နိုင်လာတာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ နဲ့ ၂၀၂၀ တုန်းကထက် ပိုပြီးတော့ ထောက်ခံမှုရတာလည်း ဖြစ်ပါတယ်။

ဟားရစ်ကို လူမည်း ၇၈ ရာခိုင်နှုန်းက ထောက်ခံကြတယ်လို့ New York Times နဲ့ Siena စစ်တမ်းက ဖော်ပြပါတယ်။ ဒါဟာ အရင်ရွေးကောက်ပွဲတွေတုန်းက ဒီမိုကရက် သမ္မတလောင်းတွေကို လူမည်း ၉၀ ရာခိုင်နှုန်းလောက်အထိ ထောက်ခံခဲ့တာနဲ့ယှဉ်ရင် သိသိသာသာ လျော့သွားတယ်လို့ ပြောလို့ရပါတယ်။

စစ်တမ်းတွေအရ သူမသာ၊ ကိုယ်မသာ ဖြစ်နေတဲ့အချိန်မှာ ရာခိုင်နှုန်းအနည်းငယ်လေး အပြောင်းအလဲ ဖြစ်လာတာက အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။

အဓိကစစ်မြေပြင်လို့ ဆိုကြတဲ့ ဘယ်ဘက်မဆို ယိမ်းသွားနိုင်တဲ့ ပြည်နယ်တွေမှာ လူမည်းနဲ့ လက်တီနိုမဲ နည်းနည်းလောက် ဘက်ပြောင်းသွားရင်တောင် ရလဒ်က ပြောင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ဥပမာ အရီဇိုးနားပြည်နယ်မှာဆိုရင် မဲဆန္ဒရှင် ၄ ယောက်မှာ တယောက်နီးပါးက လက်တီနိုတွေဖြစ်ပြီး နီဗားဒါးမှာ ၅ ယောက်မှာ တယောက်ဟာ လက်တီနိုတွေ ဖြစ်ပါတယ်။

အထူးသဖြင့် လူမည်းနဲ့ လက်တီနို မဲဆန္ဒရှင်တချို့ ထရမ့်ပ်ဘက် ပါလာတာမှာ အဓိကအားဖြင့် ငွေကြေးဖောင်းပွမှုနဲ့ လူနေမှုကုန်ကျစရိတ် ကြီးမြင့်တဲ့ ပြဿနာက အဓိကကျနေတယ်လို့လည်း New York Times စစ်တမ်းက သုံးသပ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013