DVB Logo
Home
နိုင်ငံတကာ
ကြာသပတေးဂြိုဟ်တွင် သက်ရှိလေ့လာရန် နာဆာက အာကာသယာဉ် စေလွှတ်
DVB
·
October 15, 2024
ကြာသပတေးဂြိုဟ်တွင် သက်ရှိလေ့လာရန် နာဆာက အာကာသယာဉ် စေလွှတ်
Donate to DVB

‌‌ကြာသပတေးဂြိုဟ်ရှိ ရေခဲဖုံးနေတဲ့ လတစင်းမှာ သက်ရှိတွေရဲ့ နေထိုင်မှုကို လေ့လာဖို့ အာကာသယာဉ်တစီးကို  နာဆာက စတင်စေလွှတ်ခဲ့ပါတယ်။

ဖလော်ရီဒါမှာ ပြီးခဲ့တဲ့အပတ်က ဟာရီကိန်းမုန်တိုင်း တိုက်ခတ်လို့ အာကာသယာဉ် စေလွှတ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာပါ။

နာဆာဟာ ဒေသစံတော်ချိန် ၁၂း၀၆ နာရီမှာ မိုင်ပေါင်း ၁ ဒသမ ၈ ဘီလီယံ အကွာအဝေးအတွက် စူးစမ်းယာဉ်ကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစူးစမ်းယာဉ်ဟာ ၂၀၃၀ ခုနှစ်အထိတိုင်အောင် သတ်မှတ်နေရာကို ရောက်မှာ မဟုတ်ပေမဲ့ လူတွေနေထိုင်တဲ့ စကြဝဠာမှာ သက်ရှိတွေနေထိုင်လား ဆိုတဲ့အသိကို အပြောင်းအလဲတခု ဖြစ်လာနိုင်ပါတယ်။

အဲဒီ လရဲ့မျက်နှာပြင်က သမုဒ္ဒရာလို ကျယ်ပြန့်ပြီး ကမ္ဘာမှာရှိတဲ့ ရေတွေရဲ့ ၂ ဆလောက် များပြားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ဂြိုဟ်ရံလတွေကို လေ့လာတဲ့ မစ်ရှင်တွေကို စတင်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာမြေနဲ့ ကီလိုမီတာ ၆၂၈ သန်း အကွာအဝေးမှာရှိတဲ့ ဂြိုဟ်ရံလဟာ ကမ္ဘာမှာရှိတဲ့လထက် အရွယ်အစားပိုကြီးပြီး အရောင်လည်း ပိုတောက်ပပါတယ်။

ကောင်းကင်ထက် ၅ ဆလောက် ပိုတောက်ပတဲ့ ဂြိုဟ်ရံလမှာ ရေခံတွေရှိလို့ အလင်းပိုပြီး ပြန်နိုင်တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။

၂၅ ကီလိုမီတာ အထူရှိတဲ့ ရေခံပြင်က ဆားငံရေတွေရှိတဲ့ ပင်လယ်မျက်နှာပြင်အထက်မှာ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ကြာသပတေးဂြိုဟ်ရဲ့ ဂြိုလ်ရံလတွေမှာ သက်ရှိတွေ ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို ၁၉၇၀ ခုနှစ်ကတည်းက သိပ္ပံပညာရှင်တွေက သုံးသပ်ခဲ့တာပါ။

အဲဒီအချိန်တုန်းက အားကောင်းတဲ့ မှန်ပြောင်းတွေနဲ့ ကြည့်ရှုလေ့လာချက်အရ ရေခဲတွေ တွေ့တယ်လို့ ဆိုပါတယ်။

နာဆာဟာ ၁၉၉၅ ခုနှစ်ကလည်း ကြာသပတေးဂြိုဟ်ကို လေ့လာမှုပြုလုပ်ခဲ့ပြီး အနီးကပ်ဓာတ်ပုံတွေ ရယူခဲ့ဖူးပါတယ်။

ဓာတ်ပုံတွေရဲ့ ဖော်ပြချက်အရ မျက်နှာမြင်မှာ နီညိုရောင် အက်ကွဲကြောင်းတွေရှိပြီး မျက်နှာပြင်မှာ ဆားတွေနဲ့ သက်ရှိတွေအတွက် ကန့်ဒြပ်တွေ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

အာကာသယာဉ်မှာပါဝင်တဲ့ မှန်ပြောင်းနဲ့ ရိုက်ယူထားတဲ့ ပုံတွေအရ လမျက်နှာပြင်အထက် ကီလိုမီတာ ၁၆၀ လောက်မှာ ရေထွက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဂြိုဟ်ရံလကို အနီးကပ်လေ့လာဖို့ လုံလောက်တဲ့ အကွာအဝေးကို မရောက်ခဲ့ပါဘူး။

လက်ရှိ လွှတ်တင်တဲ့ နာဆာရဲ့ အာကာသယာဉ်ကတော့ လတခုလုံးနီးပါး လေ့လာနိုင်ဖွယ် ရှိတယ်လို့ မျှော်လင့်ထားပါတယ်။

လပေါ်မှာရှိတဲ့ ဖုန်တွေကို စုဆောင်းမှုနဲ့ ရေပန်းတွေကိုလည်း ဖြတ်ပြီး ပျံသန်းနိုင်ဖွယ် ရှိပါတယ်။

ဒီတခေါက်စေလွှတ်တဲ့ အာကာသယာဉ်ဟာ ခရီးရှည်သွားရမှာဖြစ်လို့ ဂြိုဟ်တွေကို လေ့လာတဲ့ ယာဉ်တွေအနက် အကြီးဆုံးဖြစ်အောင် တည်ဆောက်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013